အမ်းမြို့ နယ်က ထွက်ပြေးလာတဲ့ စစ်သား ၁၁ ဦးကို CDF - Asho ဖမ်းမိ... လောင်းလုံးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၆ - ဇန်နဝါရီ- ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကနေ စေတုတ္တရာဘက် ထွက်လာတဲ့ စစ်ယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားတဦး သေ၊ ၆ ဦး ဒဏ်ရာရတယ်လို့ CDF - Asho က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃၊ မနက် ၇ နာရီခွဲခန့်မှာ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကား ၂ စီး ငဖဲမြို့နယ် ညောင်ကိုင်း ရွာအနီး ရောက်လာစဉ် CDF-Asho (ချင်းကာကွယ်ရေးတပ်-အရှို)၊ မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းနဲ့ ငဖဲမြိုနယ် “ပကဖ” ပူးပေါင်းတိုက်ခိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်မှာလည်း CDF-Asho က ကင်းလှည့်စဉ် ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်ရှိ စစ်ကောင်စီ စခန်းတွေကနေ စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၉ လက်နဲ့ ခဲယမ်းတွေရရှိတယ်လို့လည်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- မတ္တရာ-ဆည်တော် ကားလမ်းပေါ် ရောက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ “ပကဖ” က တိုက်ခိုက်ရာမှာ ကား ၃ စီး၊ လက်နက်ငယ် ၄ လက်ရရှိ...
- ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း ဗျူဟာ စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ က အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းကို KNLA, RDC နဲ့ SOF တို့က တိုက်ခိုက်ရာမှာစစ်သား ၃၀ ကျော်သေ၊ ၅၀ ကျော် ဒဏ်ရာရပြီး လက်နက်မျိုးစုံ ၁၅ လက် သိမ်းမိ...
- လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ စစ်ကောင်စီစခန်းကို ထားဝယ်ခရိုင် တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာမှာ တပ်ရင်းမှူး အပါအဝင် စစ်သား ၄၀ ကျော် သေဆုံးပြီး လက်နက်တွေလည်း သိမ်းမိ...
- မင်းတပ် CDF ကလည်း မင်းတပ် မြို့သိမ်းတိုက်ပွဲစဉ်တွေထဲက ဆောက်လုပ်ရေးဝင်းအတွင်း စစ်တပ်ရဲ့ အခိုင်အမာစခန်းကို CDF လူငယ်တွေ ဝင်ရောက်စီးနင်း သိမ်းပိုက်တဲ့ ဗီဒီယို မှတ်တမ်းကို ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment