Friday, January 10, 2025

မုံရွာ နမခ က စစ်သားတွေကို PDF ဖမ်းဆီး ... ဆီဆိုင်မြို့အနီးတိုက်ပွဲ လက်နက...


မုံရွာ နမခ က စစ်သားတွေကို PDF ဖမ်းဆီး ... ဆီဆိုင်မြို့အနီးတိုက်ပွဲ လက်နက် ၃၀ ခန့် KNDF သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၁ ဇန်နဝါရီ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေ ထွက်လာတဲ့ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးသေ၊ ၇ ဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတွေ သေတ္တာလိုက် ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၉ မနက်ပိုင်းမှာ ထပရ ၉၂၉ (အမှတ် ၉၂၉ ထောက်/ပို့တပ်) နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်တွေ ပါလာတဲ့ ယာဉ်တန်း  မုံရွာ-အရာတော် လမ်းပေါ် ရောက်လာစဉ် ခုလို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်းတွေ၊ ဗျူဟာ ၆၆ လက်အောက်ခံ တပ်ရင်းတွေ၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာ ပကဖ၊ အရာတော် ပကဖ အပါအဝင် ဒေသခံ တပ်တွေ ပူးပေါင်း ဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်မြို့အနီးရှိ စစ်ကောင်စီနဲ့ PNO - ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ရွှေတဂူ ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ရာမှာ စစ်သား ၄၀ ကျော်သေပြီး အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ကလေးစစ်သားတဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၃၀ ကျော်ရရှိ...

- ဘီးလင်းမြို့နယ်ရှိ လဂွန်းပျို စစ်ကောင်စီ တပ်စခန်းက စစ်သား ၁၆ ဦးဟာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေအပါဝင် လက်နက်မျိုးစုံ ၁၅ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

- မြိတ်မြို့အခြေစိုက် ခလရ ၁၇ တပ်ရင်း ဌာနချုပ်ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More