“စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်စရာရှိတာပြင်၊ ဖြည့်စရာရှိတာဖြည့် လုပ်လိုက်ရုံနဲ့ တရားဝင်ဥပေဒအဖြစ် စတင်အသုံးကျင့်သုံးလို့ရတယ်”
- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)
(၇-၁-၂၀၂၅)
“စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ တော်လှန်ရေးအခြေခံ ပေါ်ပေါက်လာတဲ့ ဥပဒေတွေထဲမှာ တရားအဝင်ဆုံးဖြစ်တာကြောင့် ဒါကို ပြင်စရာရှိတာပြင်၊ ဖြည့်စရာရှိတာဖြည့် လုပ်လိုက်ရုံနဲ့ တရားဝင်ဥပေဒအဖြစ် စတင်အသုံးကျင့်သုံးလို့ရတယ်” လို့ လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ ဦးအောင်ထူးကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါ်လာတဲ့ လွတ်မြောက်နယ်မြေတွေ ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုပါဝင်ကြမလဲ၊ ဒီအချိန်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာကြောင့် အရေးတကြီးလိုအပ်လာတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားထာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- မြန်မာအမျိုးသားပြည်နယ်ကို ဘာကြောင့်လက်ခံဖို့ လိုအပ်သလဲ...
- ပြည်နယ်တွေကို အသားပေးလွန်းရင် ပြည်ထောင်စုအစိုးရ အားနည်းသွားနိုင်သလား...
- ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါ်လာတဲ့ လွတ်မြောက်နယ်မြေတွေက ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ဘယ်လို ပါဝင်ကြမလဲ...
- လူတဦးချင်းရဲ့ အခြေခံအခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုမျိုးလဲ...
- စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ တော်လှန်ရေးအခြေခံ ပေါ်ပေါက်လာတဲ့ ဥပဒေတွေထဲမှာ တရားဝင်မှုအရှိဆုံးလို့ ဘာကြောင့် ပြောနိုင်တာလဲ...
- EROs တွေရင်ဆိုင်နေရတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရာဝင် ဆက်ဆံရေးအတွက် ဒီဥပဒေက အလုပ်ဖြစ်နိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment