“သမ္မတထရမ့် လက်ထက်မှာလည်း မြေပြင်အကူအညီတွေ အရင်တိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"
- ဦးရင်အေး (Save Myanmar - USA)
(၂၀- ၁- ၂၀၂၅)
“အမေရိကန်ပြည်ထောင်စုကို လာဖို့ပြင်နေသူတွေအတွက် အနှောက်အယှက်ဖြစ်တာကလွဲရင် မြေပြင်အကူအညီတွေကတော့ အရင်တိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဆက်လည်း တွန်းအားပေးသွားမှာဖြစ်တယ်” လို့ ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ- (Save Myanmar - USA)- က ဦးရင်အေးက ပြောပါတယ်။
မကြာခင် နာရီပိုင်းအတွင်း အိမ်ဖြူတော်ကိုရောက်လာတော့မယ့် သမ္မတအသစ် ထရမ့် လက်ထက်မှာ မြန်မာ့အရေးအားပေးမှု အရှိန်ကျသွားနိုင်သလား၊ အမေရိကားရှိမြန်မာတွေ၊ အမေရိကားကို လာဖို့ပြင်နေတဲ့ မြန်မာတွေအတွက် အခက်အခဲတွေရှိလာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- သမ္မတထရမ့် လက်ထက်မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေကို အားပေးနေမှု အရှိန်ကျသွားနိုင်သလား...
- တရုတ်ကနေတဆင့် မြန်မာ့အရေးကို ဘယ်လိုဖိအားပေးနိုင်မလဲ...
- ပြည်ပရောက်မြန်မာတွေက မြေပြင် တော်လှန်ရေးသမားတွေအတွက် ဘာတွေ ကူညီ ဆောင်ရွက်ပေးနေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment