Thursday, January 30, 2025

နွားထိုးကြီးပွဲ လက်နက် ၄၀ ခန့် PDF သိမ်းမိ... ထားဝယ်တံတားဂိတ်ပွဲ လက်နက် ...


နွားထိုးကြီးပွဲ လက်နက် ၄၀ ခန့် PDF သိမ်းမိ... ထားဝယ်တံတားဂိတ်ပွဲ လက်နက် ၁၂ လက်ရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၁ ဇန်နဝါရီ ၂၀၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည် ရွာကနေ ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ် ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရမှာ စစ်ကြောင်းမှူး အပါဝင် အများအပြား သေဆုံး၊ ၈ ဦးကိုလက်ရဖမ်းမိပြီး လက်နက်မျိုးစုံ ၃၉ လက် ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၀၊ မနက် အစောပိုင်းမှာ ဗိုလ်မှူး ရန်လင်းအောင် ဦးဆောင်တဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၅ နဲ့ ရဲ ပူးပေါင်းအင်အား ၅၀ ခန့်ပါ စစ်ကြောင်း မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြား အရောက်မှာ တိုက်ခိုက်တာဖြစ်ပါတယ်။

နယ်မြေရှင်းတဲ့အခါ အလောင်း ၂၁ လောင်း ကျန်၊ ၈ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း၊  စက်လတ် အပါအဝင် လက်နက်မျိုးစုံ ၃၉ လက်နဲ့ ခဲယမ်းများစွာ ရရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ပြင်းထန်နေစဉ်မှာ စစ်ကောင်စီဘက်က Mi-35 တစင်း ရောက်လာပြီး ၃ ကြိမ်အထိ ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် PDF တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ထားဝယ်-သရက်ချောင်း ကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၂ လက် ရရှိ...

- တောင်ကုတ်ကနေ ပဲခူးတိုင်းအတွင်းက မိုးထိတောင် စခန်းကို သိမ်းပြီး ကပစ (ကာကွယ်ပစ္စည်းစက်ရုံ) တွေ နားအထိ ချဉ်းကပ်လာနေတဲ့ AA (အာရက္ခတပ်တော်) ကို ပြန်တိုက်ဖို့ဆိုပြီး ပဲခူးတိုင်းက ပျူစောထီးတွေကို စစ်ကောင်စီက လက်နက် တပ်ဆင်ပေးနေ...

- စလင်းမြို့နယ်၊ ဆင်ကျုံး ရွာထိပ်ရှိ စစ်တပ်နဲ့ ပျူစောထီး ပူးတွဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ...

- ဟုမ္မလင်းမြို့အခြေစိုက် ခမရ ၃၆၉ က တပ်သားတဦး အညာဒေသအခြေစိုက် Earthquake People's Defense Force ထံ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More