ဗန်းမော်က သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်... ခေါဇာက စစ်ကောင်စီစခန်းကို မွန် ပူးပေါင်းတပ်က တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၅- ၁- ၂၀၂၅)
ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဇန်နဝါရီ ၂၄ က တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ကောင်စ်ီရဲ့ သံချပ်ကာ တပ်ရင်းထဲအထိ တော်လှန်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။
ဒေသတွင်းမီဒီယာတွေကတော့ ဗန်းမော်ရှိ ခလရ ၄၇၊ စကခ ၂၁၊ သံချပ်ကာတပ်ရင်းနဲ့ ဗန်းမော်တက္ကသိုလ်ရှိ စစ်ကောင်စီစခန်း အားလုံးကို မနက် ၆ နာရီမှာ တော်လှန်ရေးတပ်ပေါင်းစုက တပြိုင်တည်း ထိုးစစ်ဆင်တာဖြစ်ပြီး သံချပ်ကာ တပ်ရင်းကို သိမ်းမိ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိတယ်လို့ ဖေါ်ပြကြပါတယ်။
ဗန်းမော်နဲ့ မံစီမြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ ရက်မှာ KIA နဲ့ မဟာမိတ်တွေက စတင်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှာ မံစီက တပ်ရင်း ၃ ခုကို သိမ်းပြီးတဲ့နောက် အခု ဗန်းမော်ကို သိမ်းနိုင်ရေး စစ်ရှိန်မြှင့်နေတာဖြစ်ပါတယ်။
ဒါ့အပြင်...
- ရေစကြိုမြို့အခြေစိုက်၊ ခမရ (၂၅၆/၂၅၇)ကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ...
- ရေးမြို့နယ်၊ ခေါဇာမြို့မှာ တပ်စွဲထားတဲ့ ခလရ - ၃၁ က စခန်းတခုကို ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်က ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၃ ဦး ဒဏ်ရာရ...
- မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေ အသစ်ထပ်ရောက်လာပေမယ့် အောင်ဇေယျ စစ်ကြောင်းဟာ ရှေ့မတိုးနိုင်ပဲ စစ်သားတွေသာ ထွက်ပြေးမှု တိုးလာနေ...
- PDF - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာအကျီနဲ့ ကျည်ကာဦးထုပ် တပ်ဆင်ပေးတဲ့အခမ်းအနားကျင်းပ...
- အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ ရှမ်းတောင်ဒေသနဲ့ တနသာင်္ရီ ပကဖ ကလည်း မွန်းမံ သင်တန်းဆင်းပွဲတွေ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment