Monday, January 13, 2025

တောင်သာတိုက်ပွဲ စစ်တပ် အထိနာ... ကျောက်မဲမြို့ကို စစ်လေယာဉ် ဗုံးကြဲ...


တောင်သာတိုက်ပွဲ စစ်တပ် အထိနာ... ကျောက်မဲမြို့ကို စစ်လေယာဉ် ဗုံးကြဲ... နောက်ဆုံးရ သတင်းများ ...

၁၄ ဇန်နဝါရီ ၂၀၂၅

မန္တလေးတိုင်း၊  မြင်းခြံ-တောင်သာ လမ်းပေါ် ရောက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၂၀ သေ၊ လက်နက် ၁၀ လက် ရရှိတယ်လို့ အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂ မှာ ခမရ-၁၅၊ ရဲ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၂၀ သေ၊ MA နဲ့ G-3 သေနတ် ၁၀ လက် သိမ်းမိ၊ ခဲယမ်းများစွ ရရှိတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ နဲ့ ဒေသခံ ပကဖ တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဘောလခဲမြို့အနီးရောက်လာတဲ့ စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးခန့် သေပြီး သေနတ် ၄ လက် ရရှိ...

- ကျိူက်မရောမြို့နယ်က ရဲစခန်း ၂ ခုကို NMSP-AD က  ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်သားနဲ့ ရဲ ၆ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဇန်နဝါရီ ၁၃၊ မွန်းလွဲ ၃ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲ...

- ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စုကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲလို့ အမျိးသမီးတစ်ဦး အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး...

- တနင်္သာရီမြို့နယ်၊ တကူ ကျေးရွာအုပ်စုကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီး ၃ ဦး ဒဏ်ရာရ၊ နေအိမ်တွေ ပျက်စီး...

- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ပထမ သီတင်း ၂ ပတ်အတွင်းမှာတင် စစ်သားနဲ့ ရဲ အလင်းဝင်လာသူ ၂၉ ဦးအထိ ရှိလာ..

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More