“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလေ”
- လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၁၆ ဒီဇင်ဘာ ၂၀၂၅)
“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူး၊ တရုတ်ဖိအားနဲ့လည်း ခြိမ်းခြောက်လို့မရဘူး။ မထင်မှတ်ထားတဲ့နေရာတွေကနေ AA ရဲ့ တုန့်ပြန်မှုတွေ ပေါ်လာနိုင်ပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
မြောက်ဦးဆေးရုံကို ဗုံးကြဲတာအပါဝင် AA အပေါ် ပစ်မှတ်ထားပြီး စစ်တပ်ဖက်က တိုက်ခိုက်လာနေတဲ့အတွက် AA ဖက်က ထိုးစစ်တွေရပ်သွားနိုင်သလား... ထိုးစစ်အတွက် ခွန်အားပေးသလိုဖြစ်သွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်မထားရဘူးဆိုတာကို မြန်မာစစ်ဗိုလ်တွေ စာမသင်ရဘူးလား...
- စစ်တက္ကသိုလ်က သင်ပေးလိုက်တဲ့ Rules of Engagement (ROE) ဆိုတာ အကျီအိပ်ထဲ သိမ်းထားဖို့သက်သက်လား...
- လက်နက်ကိုင်ထားသူနဲ့ လက်နက်မဲ့အရပ်သားကိုတောင် မခွဲခြားနိုင်တဲ့အထိ မြန်မာစစ်ဗိုလ်တွေ စစ်သွေးကြွနေပြီလား...
- TNLA ကို လုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလို့ ဘာကြောင့်ပြောတာလဲ...
- မိုးကုတ်-မိုးမိတ်ကို လက်လွတ်လိုက်ရပေမယ့် အညာဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲလား...
- ရွေးကောက်ပွဲအကြိုကာလမှာ တိုက်ပွဲတွေ ပိုများလာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment