Tuesday, December 16, 2025

“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလေ”


“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလေ”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၁၆ ဒီဇင်ဘာ ၂၀၂၅)

“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူး၊ တရုတ်ဖိအားနဲ့လည်း ခြိမ်းခြောက်လို့မရဘူး။ မထင်မှတ်ထားတဲ့နေရာတွေကနေ AA ရဲ့ တုန့်ပြန်မှုတွေ ပေါ်လာနိုင်ပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

မြောက်ဦးဆေးရုံကို ဗုံးကြဲတာအပါဝင် AA အပေါ် ပစ်မှတ်ထားပြီး စစ်တပ်ဖက်က တိုက်ခိုက်လာနေတဲ့အတွက် AA ဖက်က ထိုးစစ်တွေရပ်သွားနိုင်သလား... ထိုးစစ်အတွက် ခွန်အားပေးသလိုဖြစ်သွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်မထားရဘူးဆိုတာကို မြန်မာစစ်ဗိုလ်တွေ စာမသင်ရဘူးလား...

- စစ်တက္ကသိုလ်က သင်ပေးလိုက်တဲ့ Rules of Engagement (ROE) ဆိုတာ အကျီအိပ်ထဲ သိမ်းထားဖို့သက်သက်လား...

- လက်နက်ကိုင်ထားသူနဲ့ လက်နက်မဲ့အရပ်သားကိုတောင် မခွဲခြားနိုင်တဲ့အထိ မြန်မာစစ်ဗိုလ်တွေ စစ်သွေးကြွနေပြီလား...

- TNLA ကို လုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလို့ ဘာကြောင့်ပြောတာလဲ...

- မိုးကုတ်-မိုးမိတ်ကို လက်လွတ်လိုက်ရပေမယ့် အညာဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲလား...

- ရွေးကောက်ပွဲအကြိုကာလမှာ တိုက်ပွဲတွေ ပိုများလာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More