“ERO တွေရဲ့ တိုက်ပွဲအရှိန်ကို လျော့ချနိုင်ဖို့ ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲတွေ ၂၀၂၆ မှာ လုပ်လာနိုင်ပါတယ်”
ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၃၀ ဒီဇင်ဘာ ၂၀၂၅)
“လက်ရှိ အရှိန်ကောင်းနေတဲ့ ERO တွေရဲ့ တိုက်ပွဲအရှိန်ကို လျော့ချနိုင်ဖို့ ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲတွေ ၂၀၂၆ မှာ လုပ်လာနိုင်တယ်၊ စစ်ရေးအရတိုက်တာအပြင် ERO နဲ့ PDF တွေကြား သွေးခွဲရေးကို စစ်တပ်ဖက် ဦးစားပေးလုပ်လာနိုင်ခြေရှိတဲ့အတွက် အဲဒါကို ကျော်ဖြတ်နိုင်အောင် တော်လှန်ရေးတပ်တွေ စုပေါင်းထားဖို့လိုအပ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၂၀၂၅ နှစ်ချုပ်သုံးသပ်ချက်နဲ့ ၂၀၂၆ အတွက် မျှော်လင့်ချက်တွေအကြောင်း ...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ၂၀၂၅ အတွင်း တော်လှန်ရေးဖက် စစ်ရေးအရ အောင်မြင်မှုနည်းသွားတာ ဘာကြောင့်လဲ...
- ၂၀၂၆ မှာ အညာဒေသအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလား...
- ရွေးကောက်ပွဲအတုပြီးရင် ငြိမ်းချမ်းရေးအတု ဆက်လာမှာလား...
- ERO တွေရဲ့ စစ်ရေးအရှိန်ကို ငြိမ်းချမ်းရေးအတု ဆွေးနွေးပွဲနဲ့ လျော့ချနိုင်သလား...
- SRA တပ်ပေါင်းစုအားနဲ့ ၂၀၂၆ မှာ စစ်ရေးအရှိန်မြှင့်နိုင်ခြေရှိသလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment