လက်ပံတန်းတိုက်ပွဲ စစ်သား ၂၀ နီးပါးသေဆုံး... DKBA စခန်းကို စစ်တပ် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၉ ဒီဇင်ဘာ ၂၀၂၅)
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၉ ဦးသေ၊ သေနတ် ၁၂ လက်သိမ်းမိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၆၊ မနက် ၆ နာရီခန့်မှာဝင်တိုက်တာဖြစ်ပြီး ရဲနဲ့ စစ်တပ် ပူးပေါင်းအင်အား ၃၀ ခန့်ထဲက ဒုရဲအုပ် ရဲလွင်အပါအဝင် ရဲနဲ့ စစ်သား (၁၉)ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ၊ သေနတ် ၁၂ လက်နဲ့ခဲယမ်းတွေ သိမ်းမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- နတ်မောက်မြို့နယ်တောင်ဖက် မြို့အဝင်ဂိတ်အနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေဆုံး...
- ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ စစ်သား ၇ ဦးသေဆုံး...
- ပေါက်မြို့နယ်ရှိ ကပစ ၂၄ ကို တော်လှန်ရေးတပ်တွေက လက်လုပ်ရော့ကတ် ( Rocket) တွေနဲ့ ပစ်ခတ်ရာမှာ စစ်တပ်ဖက် ထိခိုက်မှုရှိနိုင်...
- ဘုရားသုံးဆူမြို့နယ်၊ ကြိမ်ချောင်းရွာရှိ DKBA ပိုင် မွေးမြူရေးခြံကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ခြံလုပ်သား ၅ ဦး ဒဏ်ရာရ၊ နွားအကောင် ၂၀ ကျော် သေဆုံး...
- ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး ရေဖြူ-ထားဝယ် ကားလမ်း ခေတ္တပိတ်လိုက်ရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment