Tuesday, December 9, 2025

ဘုတလင်၊ တောင်သာ၊ ကံမဖက်မှာ တိုက်ပွဲပြင်းထန်... မောတောင်မြို့အပါဝင် စစ်တပ...


ဘုတလင်၊ တောင်သာ၊ ကံမဖက်မှာ တိုက်ပွဲပြင်းထန်... မောတောင်မြို့အပါဝင် စစ်တပ်အထိုင်စခန်း ၅၅ ခုကို KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၀ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ သပြေပင်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဆယ်နဲ့ချီသေဆုံးမှုရှိနိုင်ပြီး အလောင်းတွေ၊ ဒဏ်ရာရလူနာတွေကို စစ်ကားနဲ့သယ်သွားတာမြင်ရတယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက်၊ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အသင့်စောင့်ကြို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ဆယ်နဲ့ချီ သေဆုံး...

- သရက်မြို့နဲ့ ကံမမြို့တို့ကနေ စစ်ကြောင်း ၂ ခုနဲ့ ထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၁၀ ကျော်အထိသေဆုံး...

- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ လွှတ်တင်လိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းအကြီးစား တစင်းကို အာရက္ခတပ်တော် (AA) က ပစ်ချ ဖျက်ဆီး...

- မောတောင်လမ်းခွဲတည်ရှိရာ မြိတ်မြို့ကနေ ကော့သောင်းမြို့နယ်ဆီသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ညဘက်ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း  မြိတ်ခရိုင် ပကဖ က အသိပေး...

- မောတောင်မြို့ကို သိမ်းပိုက်တာအပါဝင် စစ်ကောင်စီရဲ့ အထိုင်စခန်းကြီး ၅၅ ခုကို တနှစ်အတွင်း KNLA နဲ့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က အစီရင်ခံစာ ထုတ်ပြန်...

- အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်တဲ့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More