ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်... ဗန်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၄ ဒီဇင်ဘာ ၂၀၂၅)
မကွေးတိုင်း၊ စလင်းမြိုနယ်၊ ဆင်ဖြူကျွန်းမြို့ ရဲစခန်းနဲ့ နွယ်တမယ် တံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာကနေ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူပါ သုံးနေတယ်လို့ VOM - Voice of Myanmar က ဖေါ်ပြပါတယ်။
ဒီဇင်ဘာ ၂၃ မနက်ပိုင်းမှာ မြို့ထဲထိ ဝင်တိုက်ကြတာ၊ ဆင်ဖြူကျွန်းရဲစခန်းကို ပစ်တာ၊ အခုတော့ မြို့ထဲ မဟုတ်တော့ဘူး၊ အခုက မြို့ပတ်ချာလည်မှာ ချနေကြတယ်၊ လေယာဉ်က တောက်လျှောက် ကြဲနေတယ်" လို့ ဆင်ဖြူကျွန်း မြို့ ခံတဦးက ပြောပါတယ်။
ဒါ့အပြင်...
- ပေါက်မြို့နယ်မြောက်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၂ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ၊ တဦးလက်နက်ချ...
- ဖလမ်းမြို့ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ ဗိုလ်ကြီး တဦးအပါဝင် စစ်သား ၃ ဦးသေ၊ သေနတ် ၄ လက် သိမ်းမိ...
- ဗန်းမော်မြို့အပါဝင် ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ ခေါင်လန်ဖူးမြိုန့ယ်တွေဖက်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး စစ်တပ်ရဲ့ ထိုးစစ်ကို KIA နဲ့ မဟာမိတ်တွေက ခုခံတိုက်ခိုက်နေ...
- ရေဖြူမြို့နယ်၊ ညင်းထွေးရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်နေစဉ် လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် ရွာသား ၂ ဦးသေ၊ ၉ ဦးဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment