Tuesday, December 2, 2025

ကျောက်ဖြူက ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... အညာဒေသက PDF တွေ တပ်ပေါင်းစု...


ကျောက်ဖြူက ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... အညာဒေသက PDF တွေ တပ်ပေါင်းစုဖွဲ့စည်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ နိုဝင်ဘာ ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြု့ိနယ်က သိုင်းချောင်းဆည်နဲ့ မင်းပြင် မိုးလေဝသ ရေဒါစခန်းရဲ့ ကာကင်းကုန်းတွေကို AA အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေကြောင်း နိရဉ္စရာက ဖေါ်ပြပါတယ်။

သိုင်းချောင်းဆည်ရဲ့  ကာကင်းကုန်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း သိမ်းမိတယ်၊ အလားတူ မင်းပြင် မိုးလေဝသရေဒါစခန်းအနီး တပ်စွဲထားတဲ့ ကာကင်းစခန်းကုန်းတွေကိုလည်း သိမ်းပိုက်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်စခန်း ၅ ခုနဲ့ ရွာ ၃ ရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကပစ တွေဖက် စစ်ဦးလှည့်နေ...

- မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် Local PDF ၇ ဖွဲ့က အညာမြေတပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ပြီး မန္တလေးတိုင်း မြင်းခြံခရိုင်က PDF ၈ ဖွဲ့ကလည်း တပ်ပေါင်းစုဖွဲ့စည်း...

- မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွကို နိုဝင်ဘာ ၃၀ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More