Sunday, December 21, 2025

ဂုတ်ကြီးရွာကို AA က ပြန်သိမ်းပိုက်... ဝန်းသိုတိုက်ပွဲ စစ်သား ၁၀ ခန့် လက်...


ဂုတ်ကြီးရွာကို AA က ပြန်သိမ်းပိုက်... ဝန်းသိုတိုက်ပွဲ စစ်သား ၁၀ ခန့် လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂- ဒီဇင်ဘာ ၂၀၂၅)

ရခိုင်-မကွေး အစပ်ဒေသ နတ်ရေကန်ဗျူဟာကုန်းနဲ့ ၂ မိုင်ခန့်အကွာရှိ ဂုတ်ကြီးရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းတွေဟာ ခနဝင်-ဓာတ်ပုံရိုက် ဝါဒဖြန့် သတင်းသာဖြစ်ပြီး အာရက္ခတပ်တော် (AA)က ဒီဇင်ဘာ ၂၁ မှာ ပြန်ထိန်းချုပ်လိုက်ပြီလို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

စစ်တပ်ဖက်က ရွာထဲ ခနဝင်ပြီး ဓာတ်ပုံရိုက်ခဲ့တာသာဖြစ်တယ်၊ ဒီဇင်ဘာ ၂၀ ကတည်းက AA က ပြန်တိုက်လို့ စစ်ကောင်စီတပ်တွေ တပ်ပျက်ပြီး ထွက်ပြေးသွားရတယ်၊ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ဖက်သတင်းရပ်ကွက်တခုက ပြောပါတယ်။

ဒါ့အပြင်...

- ကောလင်းမြို့နယ်အရှေ့ဖက်ခြမ်းရှိ သစ်ဖုလတောင်တိုက်ပွဲဆီ စစ်ကူထပ်ပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သားအလောင်း ၃ လောင်းကျန်၊ ၇ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၁၀ လက်သိမ်းမိ...

- ငါန်းဇွန်မြို့ကနေ တံတားဦးဖက် ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၄၀ ခန့်အထိသေဆုံး...

- လောင်းလုံးမြို့ကနေ ညင်းမော်ရွာဖက် ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၂ ဦးသေဆုံး...

- လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို ဒီဇင်ဘာ ၁၆ မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်း သိမ်းပိုက်တဲ့ ဗွီဒီယို မှတ်တမ်းကို ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More