မော်လိုက်က စစ်တပ်စခန်း PDF သိမ်းပိုက်... တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့က နွေဦးတော်လှန်ရေးတပ်ပေါင်းစုဖွဲ့စည်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၆ ဒီဇင်ဘာ ၂၀၂၅)
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ရန်ကင်းတောင်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်သား အလောင်း ၆ လောင်းကျန်၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းများစွာသိမ်းမိတယ်လို့ mawlaik revolution က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၄၊ မနက် ၁၁ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ရာမှာ အင်အား ၃၀ ခန့်ရှိ စစ်တပ်ဖက်က ပြန်ဆုတ်ပြေးသွားပြီး ၁၂ နာရီခွဲခန့်မှာ ရန်ကင်းတောင် တခုလုံးကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ခန္တီးမြို့နယ်၊ နန်ခမာကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေ၊ ၇ ဦးဒဏ်ရာရ...
- ဖလမ်းမြို့ဖက် ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို CNA -ချင်းအမျိုးသားတပ်မတော် ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ဒဏ်ရာရသူများပြီး လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းများစွာ သိမ်းမိ...
- အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်ရှိ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တခုက ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ဝင်လာပြီး တိုက်ခိုက်ဟုဆို...
- ရွေးကောက်ပွဲအတုကို လူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ကြဖို့ နိုးဆော်တဲ့ ဗီနိုင်း ပိုစတာကပ်တာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ အသိပေးဟောပြောတာတွေ ရွှေဘိုမြို့ပေါ်အထိ ရွှေဘို ပကဖ ဆောင်ရွက်...
- ေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုပေါင်းပြီး - နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု - ဖွဲ့စည်း...
- ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆)ရဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ဒီဇင်ဘာ (၁၃) ရက်က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment