“NUG ကို NLD ကိုယ်စားပြု အစိုးရလို့ သူတို့က မြင်နေကြဆဲဖြစ်တယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၁ ဒီဇင်ဘာ ၂၀၂၅)
“NUG ကို NLD ကိုယ်စားပြု အစိုးရလို့ ERO တွေက မြင်နေကြဆဲဖြစ်တယ်၊ ဒီတော့ သမ္မတပြောတဲ့ ဒုတိယအဆင့်မှာ ERO တွေ ပါဝင်လာရေးက အချိန်ကြာနိုင်တယ်၊ စစ်အနိုင်တိုက်ချင်ရင် AA နဲ့ အဓိက ဆွေးနွေးသင့်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
NUG အစိုးရ ပြုပြင်ပြောင်းလဲဖွဲ့စည်းလိုက်တာ နွေဦးတော်လှန်ရေးအတွက် ဘယ်လို တွန်းအားဖြစ်စေနိုင်သလဲ... စသဖြင့် BNN သတင်းဌာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- NUG ဝန်ကြီးဌာန အတိုး-အလျော့လုပ်ခြင်းက နွေဦးတော်လှန်ရေးကို တွန်းအားဖြစ်စေသလား...
- ပြုပြင်ပြောင်းလဲရေး ဒုတိယ အဆင့်မှာ ERO တွေ ပါဝင်နိုင်ရေးအတွက် ဘာတွေက အတားအဆီးဖြစ်နေသလဲ...
- စစ်အုပ်စု၊ တိုင်းရင်းအင်အားစုနဲ့ NLD ဦးဆောင်တဲ့ အင်အားစု ၃ ခုကြားမှာ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်နိုင်ကြမလဲ...
- NUG ကို NLD ကိုယ်စားပြုအစိုးရအဖွဲ့လို့ အချိုု့က ဘာကြောင့် ဆက်ပြီးမြင်နေကြတာလဲ...
- စစ်အနိုင်တိုက်ရေးအတွက် AA နဲ့ NUG ကြား ပူးပေါင်းဆောင်ရွက်ရေး ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေသလဲ...
- စစ်အနိုင်တိုက်ရေးလား... စစ်ရေးကို ဖိအားပေးဖို့လောက်ပဲ အသုံးပြုပြီး တွေ့ဆုံဆွေးနွေးရေးဖက် လမ်းကြောင်းပြောင်းချင်နေတာလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment