Thursday, December 4, 2025

မိုးကုတ်မြို့ကို စစ်တပ်က ဗုံးကြဲ... မန္တလေး ဈေးချိုမှာ ရွေးကောက်ပွဲဆန့်က...


မိုးကုတ်မြို့ကို စစ်တပ်က ဗုံးကြဲ... မန္တလေး ဈေးချိုမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅ ဒီဇင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူပါ သုံးနေတယ်လို့ Mandalay Free Press က ဖေါ်ပြပါတယ်။

ဒီဇင်ဘာ ၃ ရက်ညပိုင်းက မိုးကုတ်အနောက်ပိုင်းရှိ ကျောက်ဆင်၊ ဘော်မားဘက်ကို စစ်လေယာဉ်က ဗုံးကြဲတယ်၊ ကျောက်ပုံ- ကြက်နှဖဘက်မှာက မြေပြင်တိုက်ပွဲဖြစ်နေတယ်၊ စစ်တပ်ဖက်က ထိခိုက်မှုများတဲ့အတွက် တပ်မ - ၃၃ ပါ စစ်ကူ ထပ်ရောက်လာတယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေကို ကိုးကားဖေါ်ပြပါတယ်။

ဒါ့အပြင်...

-  ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရပြီး တပ်ကြပ်ကြီးတဦးကို လက်ရဖမ်းမိ...

- ဖာပွန်ခရိုင်၊ KNU အခေါ် မူတြော်ခရိုင်-တပ်မဟာ ၅ ဒေသမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀၄ ကြိမ်ဖြစ်ပြီး စစ်တပ်ဖက်က ၁၆ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ...

- ကပဖ ၁၆ ရဲ့ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းမှာ ရိက္ခာပြတ်သွားတဲ့အတွက် အောက်ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်နဲ့မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး လက်နက်တွေပါ သိမ်းမိ...

- မန္တလေးမြို့လယ် ဈေးချိုတော်အနီး ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီ ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုဖြစ်ပွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More