အရာတော်တိုက်ပွဲ ပျုစောထီး ၈ ဦးလက်ရဖမ်းမိ... မြောက်ဦးဆေးရုံကြီးကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၁ ဒီဇင်ဘာ ၂၀၂၅)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာက ပျူစောထီးတွေရဲ့ ရိက္ခာသည်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၈ ဦးကို လက်ရဖမ်းမိတယ်လို့ Ngwe Dwin Revolution Force – NDRF က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၉ ရက် ညနေပိုင်းမှာ ငွေတွင်းရွာက ပျူစောထီး ၁၂ ဦးဟာ ၂ မိုင်အကွာရှိ ညောင်ဒူးလေးရွာကနေ ရိက္ခာသည်ပြီး ပြန်လာစဉ် လမ်းတဝက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တာလို့ဆိုပါတယ်။
ဒ့ါအပြင်...
- မုံရွာမြို့ -နမခ ကနေ မုံ့ရွာမြို့ထဲ ဝင်လာတဲ့ စစ်တပ်အရာရှိတွေလိုက်ပါလာတဲ့ ကား ၂ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗိုလ်မှူးတဦးအပါဝင် ၇ ဦးသေဆုံး...
- တောင်ငူ (ကေတုမတီ) လေတပ်ဌာနချုပ်ကို ၁၀၇ ရှော့တိုက်ဒုံး ၆ လုံးနဲ့တိုက်ခိုက်ရာမှာ ပစ်မှတ်ကို ထိမှန်တယ်၊ သေဆုံး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ BWM က ဆို...
- KNU ဗဟိုဌာနချုပ်ရုံးစိုက်ရာ KNLA တပ်မဟာ(၇)နယ်မြေထဲကို စစ်ကောင်စီတပ်က အသေခံဒရုန်း (ကာမီကာဇေ) ၇ စင်းနဲ့ တိုက်ခိုက်တဲ့အတွက် ပျက်စီးမှု အနည်းငယ်ရှိ...
- မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးကို မနေ့ည ၁၀ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အတွင်းလူနာ ၁၀ သေဆုံးပြီး ဒဏ်ရာရသူလည်း များ...
- TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေခံစစ်သင်တန်းအပတ်စဉ် (၆၈) သင်တန်းဆင်းပွဲ ဒီဇင်ဘာ (၅)ရက်နေ့က ကျင်းပ...
- ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ က စစ်မှုထမ်းတပ်သားသစ် (ပစ) တဦးနဲ့ ပျူစောထီး ၄ ဦးတို့ဟာ MA ၂ လက်၊ ကာဘိုင် ၂ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment