”ရွေးကောက်ပွဲနောက်ကွယ်က မြေပြင်အခြေနေမှန်တွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်”
- ဦးတိုးဇော်လတ် (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM)
(၂၇ ဒီဇင်ဘာ ၂၀၂၅)
“ဒီရွေးကောက်ပွဲက အတုကြီးဆိုတာ နိုင်ငံတကာသတင်းထောက်တွေက ပိုသိပါတယ်။ ရွေးကောက်ပွဲနောက်ကွယ်က မြေပြင်အခြေနေမှန်တွေကို နိုင်ငံတကာသတင်းထောက်တွေက တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM- အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။
မနက်ဖန် ဒီဇင်ဘာ ၂၈ မှာကျင်းပမယ့် ရွေးကောက်ပွဲအတုကို သတင်းယူဖို့ နိုင်ငံတကာ သတင်းဌာန ၆၀ ခန့်က သတင်းသမား ၂၀၀ ကျော်ရောက်ရှိနေတယ်လို့ စစ်ကောင်စီဖက်က ပြောဆိုလာတာနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- မနက်ဖန်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် IPCM က ဘယ်လိုသဘောထားသလဲ၊ မြန်မာသတင်းထောက်တွေကော သတင်းယူခွင့်ရမှာလား...
- ရွေးကောက်ပွဲသတင်းယူဖို့ နိုင်ငံတကာသတင်းထောက် ၂၀၀ ကျော်အထိရောက်နေတယ်ဆိုတာ တကယ်လား၊ ဒီသတင်းထောက်တွေက အခြေနေမှန်တွေကို တကယ် တင်ပြနိုင်ပါ့မလား...
- နိုင်ငံတကာသတင်းထောက်တွေကို စစ်ကောင်စီက အသုံးချနိုင်မလား... သတင်းထောက်တွေကပဲ စစ်ကောင်စီရဲ့ မျက်နှာဖုံးကိုပဲ ခွာချနိုင်မလား...
- သတင်းရယူစားသုံးတဲ့ မြန်မာပြည်သူတွေကကော မနက်ဖန် ရွေးကောက်ပွဲရဲ့ သတင်းအမှန်တွေကို ဘယ်ကနေ ရယူကြည့်ရှုနိုင်မလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment