Wednesday, December 17, 2025

ရေဖြူမြို့ကို PDF တွေ ခေတ္တသိမ်းပိုက်...မင်းဘူးတိုက်ပွဲ စစ်တပ် အထိနာ ...


ရေဖြူမြို့ကို PDF တွေ ခေတ္တသိမ်းပိုက်...မင်းဘူးတိုက်ပွဲ စစ်တပ် အထိနာ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ ဒီဇင်ဘာ ၂၀၂၅)

စစ်ကောင်စီကကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသဖို့ တနသာင်္ရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ထွေ-အုပ်ရုံး၊ ရွေး-ကော်ရုံး၊ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဗွီဒီယို မှတ်တမ်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ (၁၂) ရက်၊ မနက်ပိုင်းမှာ ရေဖြူမြို့ကို ခေတ္တာသိမ်းပိုက်ပြီး မြို့စောင့်တပ် ခမရ (၄၀၆)၊ (၄၀၇)နဲ့  အမတ (၃၀၄)၊ ရေဖြူမြို့  တံတားစစ်ဆေးရေးဂိတ်၊ ရေဖြူမြို့ ရပ်တော်မူဘုရားအနီးရှိ စစ်တပ်ယာယီစခန်းတို့ကို Drone နဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေကို တပြိုင်တည်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- တနင်္သာရီမြို့၊ အောက်ကင်းအခြေစိုက် ခမရ (၅၅၇) က စစ်သား ၃ ဦးဟာ MA-4  (၁) လက်၊  MA-3 (၂) လက်နဲ့အတူ  တနသာင်္ရီမြိုနယ် ပကဖ ထံ ခိုလှုံလာ...

- လောင်းလုံးမြို့နယ်ထဲမှာ တာဝန်ကျနေတဲ့ ခလရ ၂၆၇ က စစ်သားသစ် (ပစ) ၂ ဦးဟာလည်း MA1 ၂ လက်နဲ့အတူ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့- LLSBF ထံ ခိုလှုံလာ...

- ရေဦးမြို့၊ ကြာဖူးအဝိုင်း စစ်တပ်လုံခြုံရေးဂိတ်မှာ တာဝန်ကျနေတဲ့ ထောက်ပို့တပ် အမှတ် ၂ ရွှေဘိုက စစ်သားတဦးဟာလည်း MA1 တစ်လက်၊ G-3 တစ်လက် သေနတ် ၂ လက်နဲ့အတူ ရေဦး ပကဖ ထံ ခိုလှုံလာ...

- မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၄ ဦးသေပြီး ၄ ဦးဒဏ်ရာရ...

- မိုးကုတ်မြို့ ၊ ကျောက်လုပ်ကွက်တွေလုပ်ကိုင်နေတဲ့ ဂေါက်ကွင်းအနီးက ညောင်သုံးပင်ရွာ အထိုင်ချ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွက ဒရုန်းဗုံးနဲ့တိုက်ခိုက်ရာမှာ  စစ်သား တဦးသေ၊ ၃ ဦးဒဏ်ရာရ...

- NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူး၊ ထားဝယ်ဒေသခံ တပ်ရင်းမှူး အပါအဝင် PDF တပ်ဖွဲ့ဝင် ၅၀ ခန့်ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးထားဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More