“စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ စဉ်းစားချက်မျိုး နိုင်ငံတကာမှာ မရှိတော့ဘူး”
- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)
(၁၃ ဒီဇင်ဘာ ၂၀၂၅)
“လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လုံးလုံး စစ်တပ်က ဝါဒဖြန့်ခဲ့သလို စစ်တပ်မရှိရင် တိုင်းပြည်ပြိုကွဲနိုင်တယ်ဆိုတဲ့ စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ စဉ်းစားချက်မျိုး နိုင်ငံတကာမှာ မရှိတော့ဘူး၊ စစ်တပ်က နိုင်ငံရေးကထွက်ဖို့ပဲ အားလုံးက တောင်းဆိုနေတာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲရဲ့ ထူးခြားချက်တွေအကြောင်း...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- အင်ဒီနီးရှား ဆွေးနွေးပွဲ ဘယ်လိုဖြစ်ပေါ်လာသလဲ...
- အင်ဒိုနီးရှား စစ်တပ်နဲ့ မြန်မာစစ်တပ် မွေးဖွားတာခြင်းတူပေမယ့် အသက်ရှုပုံခြင်း မတူတာ ဘာကြောင့်လဲ...
- စစ်တပ်ကို ဗဟိုပြုစဉ်းစားချက် နိုင်ငံတကာမှာ မရှိတော့ဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ...
- နွေဦးတော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာဖက်က ဘယ်လိုအလေးထား ဆက်ဆံလာနေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(NUG အစိုးရအဖွဲ့မှာ ERO တွေပါဝင်ဖို့ ဘာတွေအခက်အခဲ ရှိနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment