အုတ်ဖိုတိုက်ပွဲ စစ်တပ် အထိနာ... ကောလင်းမြို့နယ်ထဲက စစ်တပ်စခန်းတခု PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၁ ဒီဇင်ဘာ ၂၀၂၅)
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာဘုန်းကြီးကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းတခု ကျေးရွာတွေထဲ ပေါ်တာဆွဲဖို့ ဝင်လာစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား၊ ရဲ နဲ့ ပျုစောထီး ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းမိတယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ (၁၉)၊ ညပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် စစ်တပ်၊ ရဲနဲ့ ပျုစောထီးဖက်က (၆)ဦးသေဆုံး၊ G3 ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ကောလင်းမြို့နယ်အရှေ့ဖက်ခြမ်းရှိ သစ်ဖုလတောင် စစ်ကောင်စီ အခြေစိုက်စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၀၊ မနက်ပိုင်းမှာ သိမ်းပိုက်...
- မုံရွာမြို့ နမခ- ကနေ ထွက်လာတဲ့ ကြေးနီတင်ကားတန်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ ကား ၂ စိးထိမှန်ပြီး စစ်တပ်ဖက်က သေဆုံးမှုများနိုင်...
- မြဝတီမြို့တောင်ဘက်ရှိ ဖလူးလေးကျေးရွာဖက် စစ်ကောင်စီတပ်တွေ ထိုးဝင်လာတဲ့အတွက် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေ...
- လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က စစ်သားသစ် (ပစ) တဦးဟာ MA -1 တစ်လက်နဲ့အတူ လက်ပံတန်းမြိုန့ယ် ပကဖ ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment