“ဝန်ကြီးပြောင်းတာလောက်နဲ့ မရဘူး၊ စနစ်တခုတလုံး ပြောင်းဖို့လိုတယ်ဆိုတာကို ယုံကြည်ရင်...”
- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)
(၁၄ ဒီဇင်ဘာ ၂၀၂၅)
“ဝန်ကြီးပြောင်းတာလောက်နဲ့ မရဘူး၊ စနစ်တခုတလုံး ပြောင်းဖို့လိုတယ်ဆိုတာကို ယုံကြည်ရင် ကိုယ့်ဖက်မှာလည်း အဲဒီလို လုပ်ဖို့လိုပါတယ်။ တော်လှန်ရေးအစိုးရဖြစ်ဖို့ဆိုရင် CRPH တဖွဲ့တည်းရဲ့ ရွေးချယ်မှုနဲ့ လုံလောက်ရဲ့လားဆိုတာ စဉ်းစားဖို့လိုပါတယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC- ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
NUG အစိုးရ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာ ERO ကိုယ်စားလှယ်တွေ ဘာကြောင့်မပါသေးတာလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- အင်ဒိုနီးရှားစစ်ဗိုလ်တွေနဲ့ မြန်မာစစ်ဗိုလ်တွေ ဘာကွာသလဲ...
- လက်ရှိအခြေအနေမှာ ဆွေးနွေးရေးလား- အနိုင်တိုက်ရေးလား...ဘယ်ဟာက ပိုဖြစ်နိုင်ခြေများသလဲ...
- NUG ဝန်ကြီးအဖွဲ့ကို ဘယ်လိုရွေးချယ်ခန့်အပ်သလဲ... CRPH တဖွဲ့တည်းနဲ့ မလုံလောက်ဘူးလို့ ဘာကြောင့်ပြောတာလဲ...
- တော်လှန်ရေးလူငယ်တွေ လိုချင်တဲ့ တော်လှန်ရေးအစိုးရက ဘယ်လိုပုံစံလဲ၊ အဲလို ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment