“အာဏာသိမ်းမှုမှာ မပါတဲ့ စစ်ဗိုလ်တွေ ထိပ်ရောက်လာရင် အပြောင်းအလဲ ဖြစ်လာနိုင်သလားဆိုပြီး မျှော်သူတွေလည်း ရှိနိုင်ပါတယ်”
- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၆ ဒီဇင်ဘာ ၂၀၂၅)
“၂၀၂၁ အာဏာသိမ်းမှုမှာ အဓိကနေရာက မပါတဲ့ စစ်ဗိုလ်တွေ ထိပ်ရောက်လာရင် အပြောင်းအလဲနည်းနည်းလေးများ ဖြစ်လာနိုင်သလားဆိုပြီး မျှော်တဲ့သူလည်း ရှိနိုင်ပါတယ်။ အများပြည်သူအတွက်ကတော့ မျှော်လင့်စရာ သိပ်မရှိပါဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အဖွဲ့ ကာ-ချုပ်နေရာကနေ သမ္မတရာထူးဖက်ရောက်သွားရင် အသစ်တက်လာတဲ့ စစ်ဗိုလ်တွေက အင်ဒိုနီးရှားစတိုင်လ် အပြောင်းအလဲ လုပ်လာနိုင်သလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ရွေးကောက်ပွဲအတုအပေါ် မျှော်လင့်ချက်ထားနေသူတွေက ဘာကို မျှော်လင့်နေတာလဲ...
- အင်ဒိုနီးရှားက စစ်ဗိုလ်တွေနဲ့ မြန်မာစစ်ဗိုလ်တွေ ဘာကွာသလဲ... စစ်ဗိုလ်ဟောင်းနေရာမှာ စစ်ဗိုလ်သစ်တက်လာရင် အပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတာ စိတ်ကူးယဉ်မှု သက်သက်ပဲလား...
- လျှပ်စစ်မီးတောင်ပုံမှန် မပေးနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် အများပြည်သူက ဘာကို မျှော်လင့်နိင်မလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment