တောင်ငူလေတပ်စခန်း PDF ဒရုန်းနဲ့ တိုက်... မိုးကုတ် ကာကင်းစခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၆ ဒီဇင်ဘာ ၂၀၂၅)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကေတုမတီ လေတပ်စခန်းဌာနချုပ်- လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ Jammer တာဝါတိုင်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ရာမှာ မျှော်စင်နဲ့ တာဝါတိုင် မီးလောင်ပျက်စီးခဲ့တယ် ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက်၊ မနက် ၈ နာရီ ၁၅ မိနစ်မှာ လေတပ်စခန်းအတွင်းဖက်သို့ Anti-jamming FPV Drone တွေ စေလွှတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer တာဝါတိုင်တွေကို အတိ အကျတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ဇေယျဝတီမြို့တောင်ဖက် ကြပ်ကွင်းတာဝါတိုင်အနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ရာ စစ်သား ၂ ဦးကို သေနတ် ၂ လက်နဲ့အတူ လက်ရဖမ်းမိ...
- မိုးကုတ်မြို့နယ် အနောက်ပိုင်း ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်ကောင်စီတပ်စခန်းတခုကို PDF သိမ်းပိုက်...
- ရွှေဘိုမြို့ပေါ်ရှိ ရွှေဘိုမြို့မ ရဲစခန်းနဲ့ ခလရ (၄၂) တပ် စခန်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ရာမှာ ရဲ ၃ ဦးဒဏ်ရာပြင်း၊ စစ်သားအချို့ ဒဏ်ရာရ...
- ရေဖြူမြို့နယ်၊ ဇာဒီရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်-
စစ်ကောင်စီက ဇာဒီ- ခေါင်ပြန်ရွာ အကြားရှိ တံတားအနီး ကားတွေ၊ ဆိုင်ကယ်တွေသွားလို့မရအောင် မြေတူူးစက်နဲ့ မြေဖြို- တွင်းတူးပြီး လမ်းပိတ်ထား...
- မတူပီတော်လှန်ရေးအဖွဲ့ချုပ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁/၂၀၂၅)နဲ့ အပတ်စဉ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေကို CDF- မတူပီက ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment