မိုးကုတ်က စစ်ကောင်စီစခန်းတခု PDF သိမ်းပိုက်... နတ်ရေကန်အနီးက စစ်သား ၄ ဦး လက်နက်ချ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၈ ဒီဇင်ဘာ ၂၀၂၅)
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ နိုဝင်ဘာ (၃၀)ကနေ ဒီဇင်ဘာ (၆) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ နိုဝင်ဘာ ၃၀ မှာ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် မိုးကုတ်မြို့ကနေ ဆုတ်ခွာပြီးနောက်ပိုင်း NUG ဖက်က ပထမ ဆုံး ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။
ဒါ့အပြင်...
- မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီး စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦးအပါဝင် စစ်ဘေးရှောင် ရွာသား ၉ ဦးသေဆုံး...
- စလင်းမြို့၊ မြို့မရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ စစ်တပ်နဲ့ ရဲ ၂၀ ခန့်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂ ဦးနဲ့ ရဲ ၂ ဦး ဒဏ်ရာပြင်းထန်၊ ခဲယမ်းအချို့ သိမ်းမိ...
- စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ အမ်း - ပဒန်းလမ်းပိုင်း ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေတဲ့ ခမရ ၅၆၃ တပ်ရင်းက ဒုတပ်ကြပ် တဦး အပါအဝင် စစ်မှုထမ်းတပ်သားသစ် (ပစ) ၄ ဦးဟာ သေနတ် ၄ လက်နဲ့အတူ -PRA- မကွေးထံ ခိုလှုံလာ...
- ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီးခေါင်းဆောင် ဒဏ်ရာပြင်းထန်ပြီး စစ်သား ၄ ဦး သေဆုံး...
- သရက်ခရိုင်အမှတ် - ၄ တပ်ရင်းရဲ့ အခြေခံစစ်သင်တန်း၊ အပတ်စဉ် (၁၁) သင်တန်းဆင်းပွဲ ဒီဇင်ဘာ ၅ ရက်က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment