Friday, December 19, 2025

“SRA ဟာ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို ဦးဆောင်နိုင်မယ့် မျိုးဆက်သ...


“SRA ဟာ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို ဦးဆောင်နိုင်မယ့် မျိုးဆက်သစ်အဖွဲ့ဖြစ်တယ်”

- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)

(၂၀ ဒီဇင်ဘာ ၂၀၂၅)

“SRA နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုဟာ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်မယ့် မျိုုးဆက်သစ်လူငယ်အဖွဲ့ဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ ထောက်ခံပါဝင်တာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နွေဦးတော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ ပါဝင် ဖွဲ့စည်းလိုက် ဖွဲ့စည်းလိုက်တဲ့ SRA နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုမှာ ပအိုဝ်း လူငယ်တော်လှန်ရေး အဖွဲ့တွေ ဘာကြောင့်ပါဝင်တာလဲ၊ PNFC အနေနဲ့ကော ဘာကြောင့် ထောက်ခံတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- SRA အဖွဲ့မှာ ပအိုဝ်း လူငယ်တော်လှန်ရေး အဖွဲ့တွေ ဘာကြောင့်ပါဝင်တာလဲ၊ ဘာကြောင့် ထောက်ခံတာလဲ...

- SRA နဲ့ ERO, NUG တို့ကြား ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမှာလဲ...

- SRA ပေါ်လာတာဟာ ရွေးကောက်ပွဲအလွန်ကာလမှာဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံခြားရေးအခင်းအကျင်းသစ်အတွက် ကြိုပြင်ဆင်တာမျိုးလား...

- SRA လူငယ်မျိုးဆက်သစ်တွေနဲ့ အရင်ရှိပြီးသား တော်လှန်ရေးအဖွဲ့တွေကြား နိုင်ငံရေးအရ စဉ်းစားပုံ ဘယ်လိုကွာခြားသွားသလဲ...

- SRA က တော်လှန်ရေးရဲ့ အနာဂတ်ကို ဘယ်လို ဦးဆောင်သွားမှာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More