စစ်တောင်းမြစ်ဘေးက စစ်တပ်စခန်း PDF သိမ်းပိုက်... ကသာမြို့ခံတွေ စစ်ဘေးရှောင်အဖြစ် ထွက်ခွာ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁ ဇန်နဝါရီ ၂၀၂၆)
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေတူးကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၃ ဦး လက်ရဖမ်းမိ၊ လက်နက် ၂ လက် သိမ်းမိတယ်လို့ ထနောင်းစစ်ကြောင်း၊ အမှတ် (၈၀၅) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃၀ မှာဝင်တိုက်တာဖြစ်ပြီး အင်အား ၆၀ ခန့်အခြေစိုက်ထားတဲ့ စစ်တပ်အထိုင်စခန်းတလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်၊ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး အလောင်းတွေ၊ လူနာတွေနဲ့အတူ စစ်တောင်းမြစ် အနောက်ဖက်ကမ်းဆီ ဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်းထန် ဒဏ်ရာရ...
- ငဖဲမြို့နယ်၊ မင်းဘူး -အမ်း လမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦး အပြင်းထန် ဒဏ်ရာရ...
- ကသာမြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး ဒေသခံတွေ မြို့ထဲကနေ စစ်ရှောင်အဖြစ် ထွက်ခွာနေ...
- တနင်္သာရီမြို့နယ်၊ သဲဖြူရွာ၊ ထုံကတဲ လမ်းဆုံအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှာ စစ်တပ်ဖက်က ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ...
- ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ က တပ်သား တဦးဟာ လက်ပစ်ဗုံး ၂ လုံးနဲ့အတူ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment