Monday, December 1, 2025

ရွှေဘိုတိုက်ပွဲ စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး... မင်းလက်ပံမှာ တိုက်ပွဲဆက...


ရွှေဘိုတိုက်ပွဲ စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး... မင်းလက်ပံမှာ တိုက်ပွဲဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ၃၀ ကျော်သေဆုံး၊ လက်နက် ၁၁ လက်သိမ်းမိတယ်လို့ ရွှေဘိုမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇၊ မနက် ၆ နာရီခန့်မှာ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာမှာ တကြိမ်၊ မွန်းခွဲ ၃ နာရီခန့်မှာ ရွှေဘိုမြို့တောင်ဘက် မုဒ်ပေါက်ဖက်မှာတကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ကျော်သေဆုံး၊ RPG အပါဝင် လက်နက်မျိုးစု ၁၁ လက်နဲ့ ခဲယမ်းတွေသိမ်မိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းရွာ လမ်းဆုံရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ သေနတ် ၂ လက်သိမ်းမိ...

- မြဝတီမြိုန့ယ် မင်းလက်ပံရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး DKBA ပိုင် ကျားဖြန့်ရုံကို KNLA က သိမ်းပိုက်ပြီးကတည်းက ဒီဒေသကို စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေ...

- မောတောင်တိုက်ပွဲအတွက် ခဲယမ်းပို့တယ်လို့ယူဆရတဲ့ စစ်ကား ၂ စီးကို မြိတ်-တနသာင်္ရီကားလမ်းပေါ် တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်...

- ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) အခြေခံစစ်ပညာသင်တန်း၊ 
အပါတ်စဉ်(၅) သင်တန်းဆင်းပွဲ အညာဒေသမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More