နတ်တလင်းတိုက်ပွဲ စစ်တပ် အထိနာ... စစ်တွေ ဒကစ ကို AA က လက်နက်ကြီးနဲ့ပစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာဖက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၁ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းမိတယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ (၁၂)ရက်၊ ညပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး စစ်ဗိုလ်တဦးအပါဝင် ၁၁ ဦးသေဆုံး၊ အရာရှိကိုင် ပစ္စတို တလက်၊ MA1 ၃ လက်နက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- မုံရွာမြို့ စွမ်းရည်ထက်-ဆီဆိုင် စစ်တပ်အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ဒဏ်ရာရသူများ...
- ရွှေဘိုမြို့ အခြေစိုက် ခလရ(၄၂ ) အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိ...
- စစ်တွေမြို့အဝင်နားမှာရှိတဲ့ ဒကစ - စစ်ဌာနချုပ်အပါဝင် စစ်ကောင်စီစခန်းတွေကို AA အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် စစ်တပ်မိသားစုတွေ စစ်တွေမြို့ပေါ် တက်ပြေး...
- မူးမြိုနယ်အခြေစိုက် ခလရ ၃၀ နဲ့ ခမရ- ၄၃၉ က စစ်မှုထမ်းတပ်သားသစ် (ပစ) ၅ ဦး KNU ထံ ခိုလှုံလာ...
- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ပေးအပ်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment