Monday, December 22, 2025

အမှောင်ဆုံးညရဲ့ အလွန်...

 အမှောင်ဆုံးညရဲ့ အလွန်...


(၂၁ ဒီဇင်ဘာ ၂၀၂၅)



ခေါင်းစဉ်ကို ဖတ်ပြီး ကဗျာလိုလို၊ သီချင်းစာသားလိုလို၊ ဒသာန လိုလို... မထင်လိုက်ပါနဲ့...


ပြက္ခဒိန်အလိုအရ ဒီည ဒီဇင်ဘာ ၂၁ ဟာ ဥရောမဲဇာမှာ ညတာအရှည်ဆုံးည longest night in in the year (Northern Hemisphere · Central European Time) ဆိုပြီးတွေ့မိလို့ပါ။


ညနေ ၄ နာရီ ၃ မိနစ်မှာနေဝင်မယ် လို့ဆိုပါတယ်။ (တကယ်က အဲဒါ ဥရောပတခုလုံးကိုခြုံပြောတာဖြစ်မယ်) အခု နော်ဝေမှာက ၃ နာရီ ၁၁ ဆိုဝင်ပြီ၊ ၂၂ ရက်၊ မနက် ၉ နာရီ ၁၈ မှ နေ ပြန်ထွက်မယ်။


တကယ်လို့ နှင်းမကျ၊ မြူမဆိုင်း၊ မိုးမရွာဘူးဆိုရင် နေဝင်ချိန်- နေထွက်ချိန်တွေကို စောင့်ကြည့်နိုင်တာပေါ့...။ 


ဒီနှစ်ကတော့ နှင်းမကျတဲ့ ခရစ်စမတ်၊ နှင်းမကျတဲ့ နှစ်သစ်ကူးပွဲတွေကို မြင်ရမယ့် နှစ်ပါပဲ။ မနေ့ကစပြီး နှစ်ကုန်တဲ့အထိ နှင်းကျမယ်လို့ ပြောမထားဘူး။ အပူချိန်ကတော့ အနုတ် ၅ ကနေ ၁၀ ဝန်းကျင်လောက်ရှိမယ်၊ နေသာမယ်ပေါ့...။


မြူဆိုင်း- အုံ့မှိုင်း- လေနီရိုင်းထဲမှာ နှင်းမိုးရွာနေတာနဲ့စာရင်တော့ ဒီနှစ် ရာသီဥတုက မဆိုးဘူး။ နေရောင်ကို မြင်ခွင့်ရမယ်ပေါ့။

...


ပြီးခဲ့တဲ့ သောကြာကစပြီး ခရစ်စမတ်ရာသီ ကျောင်းတွေ ပိတ်ပါပြီ၊ အချို့လည်း အလုပ်နားကြ၊ ဟောလီးဒေးသွားကြ။ ဒါမေပယ့် အတော်များများကတော့ ခရစ်စမတ်နေ့မှာ မိသားစုတွေ ဆုံကြတာ ဒီဖက်ကလူတွေရဲ့ အစဉ်အလာပါ။


မြန်မာတွေလား... ဒီဇင်ဘာအစောပိုင်းကစပြီး ခရစ်စမတ်အကြို စားပွဲသောက်ပွဲတွေ လုပ်နေကြပေါ့...။


ကိုယ်တွေလား... ခရစ်စမတ်ပဲလာလာ၊ တရုတ်နှစ်သစ်ကူးပဲလာလာ၊ အစ်နေ့ပဲလာလာ၊ သင်္ကြန်ပဲလာလာ... ပုလင်းထောင်တာပါပဲ...။

---


ခရစ်စမတ်ရာသီမှာ သတိအရဆုံးနေရာကတော့ ၁၉၈၈ အလွန်နှစ်တွေက ၁၀ နှစ် ၁၀ မိုးနေခဲ့ဖူးတဲ့ ကရင်ရွာလေးတွေပါပဲ။ ဒီဇင်ဘာ လလယ်လောက်ကစပြီး ခရစ်စမတ်ပွဲ နွဲနေကြတာ ရွာစဉ်လျောက် သွားလို့- စားလို့ မကုန်နိုင်အောင်ပါပဲ။


အခုခေတ်မှာကတော့ စစ်ကောင်စီ လေယာဉ်မှူးတွေက အဲလို ခရစ်စမတ်ပွဲတော်ကိုတောင် မရှောင်... ဗုံးကြဲနေပါရော့လား...။ 


အရင်ခေတ်က စစ်တပ်လည်း လူကောင်းတွေမဟုတ်ပေမယ့် ဒီလောက်အထိ မဆိုးဘူး။ ဘုရားမှန်းတရားမှန်း သိသေးတယ်၊ ဘာသာရေးနေ့တွေကို လေးစားရမယ်ဆိုတာ နားလည်သေးတယ်ပေါ့။


စစ်တပ်ဖက်က ဒီလိုဆိုးလာတဲ့အတွက် အရင်ခေတ်လို တွေ့ဆုံဆွေးနွေးရေးနဲ့ မရတော့ဘူး။ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”- ဆိုပြီး လူငယ်တွေက ကြွေးကြော်လာတာလည်း ဖြစ်နိုင်ပါတယ်။

---


ဥရောပမဲဇာမှာကတော့ မနက်ဖန်ကစပြီး အမှောင်ဆုံးညကနေ လွတ်မြောက်ပါတော့မယ်။ နေထွက်ချိန် မနက် တမိနစ်စောပြီး နေဝင်ချိန် ညနေ တမိနစ် နောက်ကျပါမယ်။ 


အဲဒီ တရက် ၂ မိနစ်နှုန်းနဲ့ နေ့တာကို ရှည်ပေးလိုက်ရင် နောက် ၆ လအကြာ၊ ဇွန်လ ၂၁ ဆိုရင် longest day in the year- နေ့တာအရှည်ဆုံး ည ကို ပြန်ရောက်မယ်။ ည ၁၀ နာရီခွဲမှ နေဝင်မယ်ပေါ့...။


ဒီလိုနဲ့ နေ- လ- ကမ္ဘာ လုံးချာလည်ပတ်နေတာ... ၃၆၅ ရက်ကြာရင် တနှစ်ပြည့်တယ်လို့ ဆိုကြတာပါပဲ။


လူသားတွေလည်း အဲဒီ လည်နေတဲ့ ကမ္ဘာ့ သဘာဝတရားကြီးနဲ့အပြိုင် ရှင်သန်နိုင်ဖို့ ကြိုးစားကြပေါ့...


တနေ့က ရေးခဲ့ဖူးသလို ဒီလို ခရစ်စမတ်အချိန်၊ နှစ်သစ်ကူးချိန်မှာ New year resolutions လုပ်ကြရမှာပေါ့...


၂၀၂၅ အတွင်း ငါ ဘာတွေ အောင်မြင်ခဲ့သလဲ၊ အကောင်း % ဘယ်လောက်၊ အဆိုး % ဘယ်လောက် ကျော်ဟိန်း သီချင်းထဲက စာသားအရဆိုရင်... “အဓိပါယ်ရှိသောလူ” ဖြစ်အောင် ကြိုးစားခဲ့ရဲ့လား... “သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခု လုပ်ခဲ့သလား”... စဉ်းစားကြ... လူတွေစဉ်းစားကြ...


ကဲ... New year resolutions ချနိုင်ရေးအတွက် ... လောလောဆယ်တော့ ဒီညနေ ပုလင်းထောင်မယ်လို့ ဖိတ်ခေါ်ထားတဲ့ ဘော်ဘော်တယောက်ဆီ သွားရောက်ပြီး...“လိုအပ်သည်များ မှာစားလိုက်ပါအူးမယ်”😁


 ဆောင်ရွက်ခဲ့မိသလဲ...။ ငါဟာ လူသားတွေ ကောင်းကျိုးအတွက် တခုခု လုပ်ခဲ့မိရဲ့လား...


ကျော်ဟိန်း သီချင်းထဲက စာသားအရဆိုရင်... “အဓိပါယ်ရှိသောလူ” ဖြစ်အောင် ကြိုးစားခဲ့ရဲ့လား... “သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခု လုပ်ခဲ့သလား”... စဉ်းစားကြ... လူတွေစဉ်းစားကြ...


ကဲ... New year resolutions ချနိုင်ရေးအတွက် ... လောလောဆယ်တော့ ဒီညနေ ပုလင်းထောင်မယ်လို့ ဖိတ်ခေါ်ထားတဲ့ ဘော်ဘော်တယောက်ဆီ သွားရောက်ပြီး...“လိုအပ်သည်များ မှာစားလိုက်ပါအူးမယ်”😁


အားလုံး... Merry Christmas, Happy new year!။ ...တခွက် တဖလားပါ...။👍

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More