“TNLA ဖက်က တောင်ခမ်းက အမြောက်စခန်းတွေကို သိမ်းပြဖို့လိုတယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၇ - မေ -၂၀၂၅)
“တရုတ်နဲ့စစ်ကောင်စီဖက်က တောင်းဆိုတဲ့အတိုင်းသာ လိုက်လျောနေရင် ထပ်ပြီးတောင်းဆိုမှုတွေ တိုးလာလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးဖက်က လုပ်နိုင်စွမ်းကို ထုတ်ပြပြီး တောင်ခမ်းက အမြောက်စခန်းတွေကို သိမ်းပြဖို့လိုတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
မြန်မာလူထုရဲ့ ဆန္ဒကို တရုတ်က နားမလည်ဘူး၊ တရုတ်နားလည်အောင် ဝိုင်းပြောပေးကြပါဆိုတဲ့ TNLA ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- မြန်မာလူထုဆန္ဒကို တရုတ်အစိုးရက တကယ်ပဲ နားမလည်သေးတာလား...
- MNDAA ကိုဖိအားပေးသလိုမျိုး TNLA ကို ဖိအားပေးလို့ ရနိုင်ပါ့မလား...
- TNLA ဖက်က ငုံ့ခံမလား- တုန့်ပြန်မလား... ဘယ်လိုတုန့်ပြန်သင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(NUG နဲ့ AA ကြားမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်နိုင်အောင် ဘာတွေလိုအပ်နေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment