တာလယ် မဆုတ်တမ်း ခံစစ်စခန်းက စစ်ကောင်စီ ဒုရင်းမှူး ထွက်ပြေး... AA နဲ့ CB ထိန်းချုပ်ဒေသကို စစ်တပ်က ဆက်တိုက် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၆ မေ ၂၀၂၅
ထိုင်း-မြန်မာနယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ တာလယ် မဆုတ်တမ်း ခံစစ်စခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်စဉ် ခလရ ၂၄ ဒု-ရင်းမှူးနဲ့အဖွဲ့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဖားအံခရိုင်၊ ပိုင်ကျုံ မြို့နယ်ထဲရှိ တညာကျိုး (ခ) တာလယ် ဗျူဟာစခန်းကို မေ (၁၃) ရက်၊ ည (၇) နာရီခန့်မှာ KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်တာဖြစ်ပါတယ်။ ဗိုလ်ကြီး တဦး အပါဝင် ၉ ဦးသေပြီး ထွက်ပြေးသွားတဲ့ ဒု-ရင်းမှုးကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- တာလယ်စခန်းနဲ့ သိပ်မဝေးတဲ့ မယ်လ စခန်းကို KNLA က ဆက်လက်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်ပြီး ဒေသခံ ၄၀၀ ခန့် ထိုင်းဖက် ထွက်ပြေးလာ...
- ထားဝယ်မြို့အဝင် aပါက်တိုင်း တံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား၊ ရဲ နဲ့ ပျုစောထီး ၉ ဦးသေ၊ ၇ ဦး ဒဏ်ရာရ...
- ချင်းညီနောင် ထိန်းချုပ်ဒေသ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦးအပါဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ...
- AA ထိန်းချုပ်ဒေသ ကျောက်တော်မြို့ကို ၂ ရက်အတွင်း ဒုတိယအကြိမ် ဗုံးထပ်ကြဲတဲ့အတွက် အရပ်သား ၅ ဦးသေ၊ ၉ ဦး အပြင်းအထန် ဒဏ်ရာရ...
0 comments:
Post a Comment