“ကျောက်ဖြူကို သိမ်းနိုင်ရင် တရုတ်ရဲ့ စဉ်းစားပုံ ပြောင်းလဲလာနိုင်ပါတယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၂၈ မေ ၂၀၂၅)
“ကျောက်ဖြူမြို့ကို AA အာရက္ခတပ်တော်က သိမ်းပိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်ရဲ့ စစ်ရေးဆိုင်ရာ စဉ်းစားချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အပစ်ရပ်ကာလအလွန် ဇွန်လဆန်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်သလား၊ AA ရဲ့ ကျောက်ဖြူသိမ်းပိုက်ရေးနဲ့ တိုင်း ၃ တိုင်းဆီ ဦးတည်ထားတဲ့ စစ်ရေးအရှိန်အဟုန် ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- KNU ရဲ့ အရှိန်အဟုန်ပြင်းတဲ့ နယ်စပ်စခန်းသိမ်းပွဲတွေက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...
- KIA ရဲ့ ဗန်းမော်မြို့သိမ်း စီမံကိန်းက ဘာကြောင့် အချိန်ကြာနေတာလဲ...
- AA ရဲ့ ကျောက်ဖြူမြို့သိမ်းစီမံကိန်းနဲ့ တိုင်း ၃ တိုင်းဆီ ဦးတည်ထားတဲ့ စစ်ရေးပစ်မှတ်တွေက ဇွန်လဆန်းတာနဲ့ အရှိန်ပြန်တက်လာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အထွေထွေ ထိုးစစ်စတင်ဖို့ NUG က ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment