Wednesday, May 21, 2025

မီးလောင် ရဟတ်ယာဉ်အနီး လက်နက် ၁၄ လက် သိမ်းမိ... KNLA တပ်မဟာ ၇ ရဲဘော်တွေကိ...


မီးလောင် ရဟတ်ယာဉ်အနီး လက်နက် ၁၄ လက် သိမ်းမိ... KNLA တပ်မဟာ ၇ ရဲဘော်တွေကို ကရင်လူထု ဂုဏ်ပြု... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၂ မေ ၂၀၂၅

KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေ ပစ်ချလိုက်လို့ မီးလောင်ပြီး တောထဲ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကနေ စစ်သားအလောင်း ၁၆ လောင်းနဲ့ လက်နက်မျိုးစုံ ၁၄ လက် တွေ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ရွှေကူဘက် ပျက်ကျပြီး ပန်ကာကျိုးလို့ ဆက်မပျံနိုင်တဲ့ ရဟတ်ယာဉ်ကိုလည်း KIA တပ်တွေက မေ ၂၁ မှာ ဒရုန်းနဲ့ ဗုံးချပြီး ဖျက်ဆီးလိုက်တယ်လို့ ဆိုရှယ်မီဒီယာမှာ ဗီဒီယို ပုံတွေ ပြန့်နေပါတယ်။

ဒါ့အပြင်...

- ကလေးမြို့ကနေ ချင်းတောင်ကို တက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်တွေ မေ ၂၁ မနက်ပိုင်းက စပြီး တီးတိန်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ...

- ညောင်ဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၈ ဦး သေဆုံး...

- ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီရဲ့  သိမ်ကုန်း တာဝါတိုင် စခန်းကို မေ ၁၈ မှာ တော်လှန်ရေး တပ်တွေက သိမ်းပိုက်...

- မုဒုံမြို့နယ်က အမတ ၃၁၈ ကို NMSP (AD) မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) က ဝင်တိုက်...

- ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ကနေ အခု မေ ၁၉ အထိ ၅ လတာ ကာလအတွင်း သောင်းရင်းမြစ် တလျှောက်ရှိ စစ်ကောင်စီ စခန်း ၈ ခုကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲဝင် ရဲဘော်တွေကို ကရင်လူထုက မေ ၂၁ မှာ အခမ်းအနားနဲ့  ဂုဏ်ပြု...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More