မော်ဖိုးကေ စခန်းကို KNLA သိမ်းပိုက်ဟု သတင်းထွက်... ပဲခူးက စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၀ မေ ၂၀၂၅
ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် အနီးရှိ စစ်ကောင်စီရဲ့ ခလရ ၂၄ ခြေကုပ်စခန်း “မော်ဖိုးကေ” ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက မေ ၁၉ မနက်ပိုင်းမှာ စတင် တိုက်ခိုက်နေတယ်လို့ KIC (Karen Information Center) က ဖော်ပြပါတယ်။
မ ၁၆ မှာ “မော်ကွီးလူ” ခစန်းကို သိမ်းပြီးတဲ့နောက် အခု “မော်ဖိုးကေ” ကို ဆက်တိုက်နေတာလို့ ဆိုပါတယ်။ လောလောဆယ် ဒရုန်းစစ်ဆင်ရေးလုပ်နေပြီး ကရင် ရွာသား ၂၀၀ ကျော် ထိုင်းနိုင်ငံ မယ်လရွာဘက် ထွက်ပြေးလာနေတယ်လို့ ထိုင်း မီဒီယာတွေက ဖေါ်ပြပါတယ်။
(မေ ၁၉ ညနေပိုင်းမှာ မော်ဖိုးကေစခန်းကို KNLA က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်နေပေမယ့် KNU ဖက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး)
ဒါ့အပြင်...
- ပဲခူးမြို့နယ် ဇီးတောရွာရှိ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင် တိုက်ရာမှာ လက်နက်မျိုးစုံ ၁၄ လက် သိမ်းမိ...
- ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံ ဝင်းကနေ ထွက်လာတဲ့ ရဲ ၂ ဦးကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ ၂ ဦးစလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ...
- ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်စပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်အဖွဲ့) ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၅ ဦးထက် မနည်း သေဆုံး...
- အင်္ဂပူမြို့နယ်၊ ကွင်းကောက်အခြေစိုက် တမာတော တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၅) အနီး စစ်ကောင်စီ တပ်နဲ့ AA (အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ပြင်းထန်နေ...
- ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော်ကို မေ ၁၈ မှာ AA (အာရက္ခတပ်တော်) က ပြန်လွှတ်ပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment