မင်းအောင်လှိုင်ရဲ့ လူယုံတဦး ပစ်ခတ်ခံရ... မော်ခီးစခန်းကို KTLA တိုက်ခိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၃ မေ ၂၀၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စကခ ၂၁ ကို စစ်ကူလာပို့စဉ် KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေ ပစ်ချလိုက်တဲ့ Mi-17 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဗွီဒီယို မှတ်တမ်းတွေ ထွက်ပေါ်လာနေပါတယ်။
ဒီရဟတ်ယာဉ်တွေကို ပျံသန်းနေစဉ် မြေပြင်ကနေ လေယာဉ်ပစ် လက်နက်နဲ့ ပစ်ခတ်တာမျိုး မဟုတ်ပဲ မြေပြင်မှာ ခေတ္တရပ်ပြီး လူ အတင်-အချ လုပ်နေစဉ် ဒရုန်းနဲ့ Drop Bomb ကြဲချ၊ ဒရုန်းနဲ့ တိုက်ရိုက် တိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် ရဟတ်ယာဉ် အပေါ်ပိုင်း ထိခိုက်ပျက်စီးသွားတာကို ဗီဒီယို မှတ်တမ်းတခုမှာ တွေ့ရပါတယ်။
ဒါ့အပြင်...
- စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ရဲ့ လူယုံတဦးဖြစ်သူ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ကို Golden Valley Warriors အဖွဲ့က ပစ်ခတ်...
- ချောင်းဦးမြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ဗိုလ်တဦး အပါဝင် ၄ ဦးသေဆုံး...
- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ အုမ္မတီး ရွာကို ဂျက်ဖိုက်တာက ပေါင် (၂၅၀) ဗုံး (၄) လုံး ကြဲချ တိုက်ခိုက်...
- ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်က လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်း ရွာကြားကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်...
- ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ရွာအနီး တိုက်ပွဲအတွင်း စစ် ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်) ပူးပေါင်းတပ် စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်...
- ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေ ဒေသက စစ်ကောင်စီရဲ့ မော်ခီး စခန်းကို ကော်သူးလေ အာမီ - KTLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက မေ ၂၁ မှာ စတင်တိုက်ခိုက်နေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment