Friday, May 30, 2025

မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ ခု KNLA သိမ်းပိုက်... ကျောက်ဖြူတိုက်ပ...


မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ ခု KNLA သိမ်းပိုက်... ကျောက်ဖြူတိုက်ပွဲမှာ ဗိုလ်မှူးချုပ်တဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၁ မေ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ ဘုရင့်နောင်ကုန်းနဲ့ မော်ခီး တပ်စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက မေ ၃၀ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရဲဘော်တွေနဲ့ နယ်စပ်သတင်းရပ်ကွက်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၈ မှာ ကနဲလေး စခန်းကို သိမ်းပြီးနောက် အဲဒီဝန်းကျင်ရှိ အမြင့်ဆုံး တောင်ပေါ်က ဘုရင့်နောင် စခန်းကုန်းကို ပိတ်ဆို့ တိုက်ခိုက်စဉ် စစ်သား အတော်များများ ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ တော်လှန်ရေး ထောက်ပို့ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် သေ့ဘောဘိုး စခန်းကို မတိုက်ခင် တရက်က သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ မော်ခီးတပ်စခန်းကိုလည်း မေ ၃၀ မနက်ပိုင်းမှာပဲသိမ်းပိုက်လိုက်ပြီး စစ်သားတွေ ထိုင်းဘက် ထွက်ပြေးသွားပြန်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်း ပြည်သူ့စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်များစွာ သိမ်းမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၁၀၀၂ က သတင်းထုတ်ပြန်...

- ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာ အိမ်တွေဖောက်ပြီး ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီတပ်ကို Fire Dragon တပ်ဖွဲ့က ဝင်တိုက်ရာမှာ စစ်သား တဦး သေပြီး ၂ ဦး ဒဏ်ရာရ...

- တရုတ် စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး AA (အာရက္ခတပ်တော်) က လက်ဖြောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နဲ့ စစ်ဗိုလ်တဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More