သေ့ဘောဘိုးတိုက်ပွဲ စစ်တပ်ဘက်က တပ်ရင်းအလိုက်ပြုတ်... နတ်ရေကန်စခန်းကနေ AA တပ်တွေ ရှေ့တိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၉ မေ ၂၀၂၅
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုး စခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ သေဆုံးသူများပြီး ၁၀ ဦးကျော် လက်ရဖမ်းမိ၊ လက်နက်များစွာ သိမ်းမိတယ်လို့ Cobra Column 2 VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
မေ ၂၇ မနက်ပိုင်းမှာ အဲဒီစစ်ကြောင်း ဆုံဆည်းမြိုင် ကျေးရွာ အနီး ရောက်လာစဉ် တိုက်ခိုက်တာလို့ဆိုပါတယ်။ ၂၈ ရက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက လိုက်လံချေမှုန်းနေတဲ့ ဗီဒီယို မှတ်တမ်းတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။
ဒါ့အပြင်...
- ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဆောင်းပြောင်း လမ်းမကြီးနဲ့ အနီးဝန်းကျင်ရှိ စစ်ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်) စခန်းကုန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း သိမ်းမိ...
- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအထိ ရောက်ရှိနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ပြင်ဆင်နေ...
- အပစ်ရပ် ကာလအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတဲ့အပြင် မြေပြင်ကပါ ဆက်တိုက် ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမြို့နယ် ယာပြင်ရွာ စခန်းကနေ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က ခွာပေးလိုက်ရ...
- မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးခြံ စစ်တပ်ဂိတ်နဲ့ စကားဝါဂိတ် ၄ နေရာကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ ပျူစောထီး ၈ ဦးသေဆုံး...
- အမ်း-ပဒါန်း လမ်းပေါ် ရှိ နတ်ရေကန်အနီး တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ဆုတ်ခွာလိုက်တဲ့အတွက် MPT တာဝါတိုင် စခန်းကုန်းအထိ AA အာရက္ခတပ်တွေ ရောက်ရှိလာ...
... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment