တာလယ်စခန်းကို KNLA သိမ်းပိုက်... စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကို AA ရှုတ်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၅ မေ ၂၀၂၅
ထိုင်း-မြန်မာ နယ်စပ် အနီးရှိ တာလယ် အခြေချ ဗျူဟာစခန်း ကို KNLA တပ်မဟာ ၇ နဲ့ ပူးပေါင်းတပ်တွေက မေ ၁၄ ညမှာ သိမ်းပိုက်လိုက်ပြီလို့ KIC (Karen Information Center) က ဖော်ပြပါတယ်။
ကရင်ပြည်နယ်၊ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲရှိ ခလရ ၂၄ အခြေချ ဗျူဟာစခန်းကို ၅ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မေ ၁၄ ညနေ ၆ နာရီခွဲခန့်မှာ သိမ်းပိုက်တယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင်...
- ကော့ကရိတ်မြို့ကနေ မြဝတီဘက် အထွက် အာရှလမ်းမ ဘေးရှိ တတန်ကူး ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်း နောက်တန်း စခန်းကို KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေ...
- ပခုက္ကူဘက်ကနေ မြိုင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားအလောင်း ၈ လောင်းတွေ့ရပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...
- TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို မေ ၁၃ ညမှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် နေအိမ်အချို့ ပျက်စီး...
- (AA) ထိန်းချုပ်ဒေသ ကျောက်တော်မြို့ကို မေ ၁၄ ညနေ ၄ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီး ၃ ဦး သေဆုံးပြီး အနည်းဆုံး ၅ ဦး ဒဏ်ရာရ...
- ငလျင်ဒဏ် ခံစားနေရချိန်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ဆောင်ရွက်နိုင်ရေးအတွက် မေ ၃၁ အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်အခတ် ရပ်စဲထားချိန်မှာ စစ်ကောင်စီဘက်က ရသေ့တောင်နဲ့ ကျောက်တော်ကို ဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး ပြင်းထန်စွာရှုတ်ချလိုက်တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်...
0 comments:
Post a Comment