ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီ ဒုရင်းမှူးသေဆုံး... AA နဲ့ ဆက်သွယ်ရေးလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
၉ မေ ၂၀၂၅
ကရင်ပြည်နယ် ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက် အပါအဝင် ၃၀ ခန့် သေဆုံးတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၃၀ မနက် ၇ နာရီကနေ ၁၀ နာရီ ၃ နာရီကြာတိုက်ပွဲမှာ ခုလို သေဆုံးတာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသခံ ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) တပ်တွေ မလုံလောက်တဲ့အတွက် ကမ်းရိုးတမ်းတိုင်းက ဘုတ်ပြင်း အခြေစိုက် ခမရ ၄၃၂၊ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေကိုပါ ခေါ်ယူ တိုက်ခိုက်နေပြီး သေဆုံးသွားတဲ့ ဒု-တပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက်ဟာ ဘုတ်ပြင်း ခမရ ၄၃၂ ကဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်...
- တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ် အစပ်ရှိ ဝါရစ်-ပိန်းတောပြင် နဲ့ ဝါရစ်- ကမ်းနားတံတား စစ်ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ဗိုလ်မှူးတဦး အပါဝင် ၄ ဦးသေ၊ ၉ ဦး ဒဏ်ရာရ...
- မေ ၃၁ အထိ အပစ်ရပ်တယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ဗုံးကြဲတာ၊ မြေပြင်ထိုးစစ် ဆင်တာတွေ ဆက်လုပ်နေတယ်လို့ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်...
- တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်ကြောင့် ထီးခီးစခန်းကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်သားနဲ့ ရဲ ၄၀ ခန့်ကို ထိုင်း အာဏာပိုင်တွေကဖမ်းဆီးပြီး ကန်ချပူရီကနေ ရနောင်း၊ အဲဒီက တဆင့် ကော့သောင်းဘက် ပြန်ပို့ပေးဖို့ ပြင်ဆင်နေ...
- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၃၄ ဦးကို စစ်ကောင်စီက မေ ၇ ရက်မှာ လေယာဉ်နဲ့ ပြန်ခေါ်သွား...
- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်လုံးကို သိမ်းပိုက်ထားတဲ့ AA (အာရက္ခတပ်တော်) ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆက်ဆံရေး လမ်းကြောင်းထူထောင်လိုက်တာကို မြန်မာ စစ်ကောင်စီက ကန့်ကွက်စာ ပို့...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment