Friday, May 9, 2025

ထီးခီးစခန်း KNLA သိမ်းပိုက်... နောင်ချိုက မင်္ဂလာပွဲ စစ်တပ်က လက်နက်ကြီးန...


ထီးခီးစခန်းကို KNLA သိမ်းပိုက်... နောင်ချိုက မင်္ဂလာပွဲကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၁၀ မေ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးခီး စစ်ကောင်စီစခန်းကို မေလ ၉ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ထီးခီးနဲ့ ၅ မိုင်အကွာရှိ ထီးထာ ဗျူဟာ စခန်းကို ဧပြီ ၁၉ မှာ သိမ်းပိုက်ပြီးနောက် ထီးခီးကို ဆက်လက်ထိုးစစ်ဆင်ပြီး အခု မေ ၉ မနက်ပိုင်းမှာ သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပင်...

- ထိုင်း-မြန်မာ နယ်စပ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ တခေါ်ဘီခွီး စစ်ကောင်စီ စခန်းကိုလည်း မေ ၉ ရက် မနက်ပိုင်းမှာပဲ KNLA တပ်မဟာ ၇ ဦးစီးတဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ ကို KNLA တပ်မဟာ ၃ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မေလ ၉ ရက် မနက်ပိုင်းမှာ သိမ်းပိုက်...

- ပုလောမြို့မ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ရဲ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရပြီး  G3 သေနတ် တလက်နဲ့ ခဲယမ်းတွေ ရရှိ...

- မြောင်မြို့မ ရဲစခန်းကနေ မြင်းမူဘက် ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၄ ဦး သေပြီး သေနတ် ၃ လက်ရရှိ...

- နောင်ချိုမြို့ နယ် သရက်ချို ကျေးရွာက မင်္ဂလာပွဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တဲ့တွက် ကလေးငယ် တဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံး...

- ဗန်းမော်မြို့၊ ညောင်ပင်  ရပ်ကွက်ရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကမ်းနားရိပ်သာ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ် ရှောင် ၁၅ ဦး သေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More