“အထွေထွေထိုးစစ်လုပ်တော့မယ်ဆိုရင် စစ်ဦးစီးကော်မီတီ လိုအပ်လာပါတယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၃ မေ ၂၀၂၅)
“တနိုင်ငံလုံးဆိုင်ရာ အထွေထွေထိုးစစ်လုပ်တော့မယ်ဆိုရင် တနိုင်ငံလုံးက တပ်တွေကို အမိန့်ပေးကွပ်ကဲနိုင်တဲ့ စစ်ဦးစီးကော်မီတီနဲ့ စစ်ဦးစီးချုပ်က မဖြစ်မနေလိုအပ်လာတယ်၊ ဒါကို ရဲရဲတင်းတင်း ဖွဲ့စည်းဖို့လိုတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ပြီခဲ့တဲ့အပတ်က ဆွေးနွေးခဲ့တဲ့ NUG နဲ့ AA ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လိုတယ်ဆိုတာ ဘယ်လိုအချက်တွေကို ဆိုလိုတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- NUG နဲ့ AA ကြားမှာ တရားဝင် မဟာမိတ်ဖွဲ့ဖို့ ဘာကြောင့် အရေးတကြီးလိုအပ်တာလဲ...
- AA တပ်တွေက ဧရာဝီမြစ် အနောက်ဖက်ကနေ အရှေ့ဖက်အထိကျော်လာပြီး နေပြည်တော်အထိ လိုက်ပါနိုင်သလား...
- NUG ကို ဖွဲ့စည်းပုံပြောင်းပြီး စစ်ပုံစံ ကော်မရှင်တွေနဲ့ ခရီးဆက်ရေး- စစ်ဦးစီးကော်မီတီဖွဲ့ရေးဆိုတာတွေကို ဘယ်လို ဆက်လုပ်သင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment