Saturday, May 24, 2025

ဘလယ်ဒို စခန်းက သိမ်းမိလက်နက်များ


ဘလယ်ဒို စခန်းက သိမ်းမိလက်နက်များ

(၂၄-မေ-၂၀၂၅)

ထိုင်း-မြန်မာနယ်စပ် အနီးရှိ ကော့ကရိတ်မြို့နယ် KNLA တပ်မဟာ ၆ ဒေသက စစ်ကောင်စီရဲ့ ဘလယ်ဒို စခန်းကို မေ ၂၃ ညနေမှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီမနက်မှာတော့ တပ်မဟာ ၆ တပ်မှူးတဦးက အဲဒီစခန်းသိမ်းပွဲကနေ သိမ်းမိတဲ့ ၆၀ မမ မော်တာ, RPG လောင်ချာတွေအပါဝင် လက်နက်များစွာ ရာနဲ့ချီ သိမ်းမိတဲ့ ဗီဒီယို ကလစ်တခု တင်ပြထားတာကို မျှဝေလိုက်ပါတယ်။

စစ်ကောင်စီဖက်က စခန်းစွန့်ခွာထွက်ပြေးသူ၊ လက်နက်ချသူ အတော်များတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်၊၊

ဗီဒီယို ခရက်ဒစ်- Saw Kaw.

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More