ရွှေကျင် ခမရ-၅၉၈ ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောင်ချိုနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြန်ပြင်းထန်လာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၂ မေ ၂၀၂၅
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက် ကျေးရွာရှိ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို မေ ၈ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်မျိုးစုံ ၈၀ ကျော် သိမ်းမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွင်း စစ်သားအလောင်း ၃၀ တွေ့ရှိပြီးစစ်သုံ့ပန်း ၆ ဦးနဲ့ မိသားစုဝင် ၇ ဦး ဖမ်းမိတယ် … တပ်ရင်းမှူး အပါအဝင် တပ်သား ၅၀ ခန့်က စခန်းစွန့်ခွါ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ညောင်ရွှေမြို့နယ် စန့်စွဲ ကျေးရွာမှာ မေ ၆ ရက်ကနေ ၉ ရက်အထိ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီရဲ့ ဒရုန်း ၂ စင်းကို PDF ဖယ်ခုံ တပ်ရင်း ၁၀၀၆ က ပစ်ချနိုင်ခဲ့...
- နောင်ချိုမြို့နယ် သရက်ချို ရွာနဲ့ ယာပြင်ရွာဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် TNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...
- ကျောက်ဖြူမြို့နယ် လိပ်ခမော်နဲ့ မလကျွန်း ကျေးရွာဖက် စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် AA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...
- ပခုက္ကူဘက်ကနေ မြိင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၀၁ က စစ်ကြောင်းကို့ Southern YSO PDF က လက်နက်ကြီးနဲ့ တိုက်ခိုက်...
- ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့တွေကို သိမ်းပိုက်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့က ၄ ရက်တာ မြေပြင်တွေ့ဆုံပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment