Tuesday, May 27, 2025

ဗန်းမော် စစ်ဆင်ရေး KIA အရှိန်မြှင့်... သေ့ဘောဘိုးစခန်းကို KNLA ထိုးစစ်ဆ...


ဗန်းမော် စစ်ဆင်ရေး KIA  အရှိန်မြှင့်... သေ့ဘောဘိုးစခန်းကို KNLA ထိုးစစ်ဆင်  ... နောက်ဆုံးရ တိုက်ပွဲသတင်းများ .... 

၂၈ မေ ၂၀၂၅

စစ် ရဟတ်ယာဉ် ၂ စင်းကို KIA (ကချင်လွတ်လပ်ရေးတပ်တော်) နဲ့ မဟာမိတ်တွေက ပစ်ချပြီးကတည်းက ငြိမ်နေတဲ့ ဗန်းမော်မြို့က စကခ ၂၁ မှာ မေ ၂၇ ကစပြီး တိုက်ပွဲ ပြန်ပြီးပြင်းထန်လာတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဝင်းလိုက် (Win Light) ဟိုတယ်က တပ်စခန်းအပါအဝင် စကခ ၂၁ ရဲ့  ကာကင်း တပ်စခန်းအချို့ကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ထားပြီလို့ ဆိုပါတယ်။

ဒါပေမယ့် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီနေ့ ထိုးစစ် ပြန်စတာ မှန်ပေမယ့် စခန်း ကြီးကြီးမားမား သိပ်မိတာ မရှိသေးဘူး။ စစ်လေယာဉ်လဲ အရင်လောက် အလာမများတော့ဘူးလို့ BNN ကို ပြောပါတယ်။

ဒါ့အပြင်...

- ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို Chinland Council (CC) တပ်နဲ့ ချင်းညီနောင် (CB) တပ်ဖွဲ့တွေက စုပေါင်း ခုခံတိုက်ခိုက်နေ...

- ကျောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် တရုတ် စီမံကိန်းက တရုတ်ဝန်ထမ်းတွေ စတင် ထွက်ပြေးနေ...

- စလင်းမြို့နယ်က ၁၃ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံး တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်...

- ကျောက်ကြီးမြို့နယ် တောင်စုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေ၊ ၇ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၉  လက် သိမ်းမိ...

- အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ် ထန်းပင်ကုန်း ကျေးရွာရှိ စစ်ကောင်စီအခြေချ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၈ ဦးသေ၊ သေနတ် တလက်နဲ့ ခဲယမ်းအချို့သိမ်းမိ...

- ထိုင်း-မြန်မာ နယ်စပ်ရှိ သေ့ဘောဘိုး စခန်းကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More