Thursday, May 29, 2025

ကနဲလေး စခန်း KNLA သိမ်းပိုက်... စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ဆ...


ကနဲလေး စခန်း KNLA သိမ်းပိုက်... စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ဆက်ဆံရေးတင်းမာလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၉  မေ ၂၀၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုင်းမြန်မာ နယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ ကနဲလေး စခန်းကို မေ ၂၈ ညနေ ၆ နာရီမှာ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၇ မနက် ၇ နာရီမှာ စတင်တိုက်ခိုက်ပြီး ၂၄ နာရီအတွင်း သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ၁၂၀ မမ အဝေးပစ် မော်တာကြီးတွေ အပါအဝင် လက်နက်များစွာ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

မေ ၂၉ မနက်ပိုင်းမှာ မြဝတီမြို့နယ် အတွင်းရှိ ဥကရစ်ထ စခန်းရဲ့ကာကင်း စခန်းဖြစ်တဲ့ ဝါးမီထ စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့အနီးရှိ Off-Take Gas Station အစောင့်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ရဲ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ...

- ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာကို မေ ၂၈ မှာ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးတဲ့အပြင် ရွာသား ၆ ဦးကို ပစ်ခတ် သတ်ဖြတ်သွား...

- အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဆက်ဆံတာကို စစ်ကောင်စီက ကန့်ကွက်ရာကနေ သံတမန်ရေး တင်းမာမှုဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒါကာကို  ပြန်လာဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်ခေါ်...

- ထားဝယ် အထူးစီးပွားရေးဇုန် ဒေသက ဧကနိ ကျေးရွာ အနီးမှာ မေ ၂၉ မနက်ပိုင်းက စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ထပ်ဖြစ်...

- တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ က စစ်သားသစ် ၂ ဦး MA-3 သေနတ် တလက် ခဲယမ်းတွေနဲ့အတူ Dawna Column ထံ ခိုလှုံလာ...

- မုံရွာမြို့အခြေစိုက် နပခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က စစ်သားသစ် ၂ ဦးဟာလည်း MA-1 သေနတ် နှစ်လက်၊ ခဲယမ်းတွေနဲ့  ဒို့အရေး Channel ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More