Monday, May 19, 2025

“ဗုံးကြဲတဲ့လူကို အပြစ်မတင်ရဲပဲ စာသင်ကျောင်းဖွင့်တဲ့လူကို အပြစ်တင်တာမျိုး...


“ဗုံးကြဲတဲ့လူကို အပြစ်မတင်ရဲပဲ စာသင်ကျောင်းဖွင့်တဲ့လူကို အပြစ်တင်တာမျိုးဖြစ်အောင် စစ်ကောင်စီက တမင် ရက်စက်ပြနေတာဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် - ပအဖ)

(၁၉  မေ ၂၀၂၅)

“ဗုံးကြဲတဲ့လူကို အပြစ်မတင်ရဲပဲ စာသင်ကျောင်းဖွင့်တဲ့လူကို အပြစ်တင်တာမျိုးဖြစ်အောင် စစ်ကောင်စီက တမင် ရက်စက်ပြနေတာဖြစ်တယ်၊ ဒါကို ရှင်းရှင်းလင်းလင်းမြင်ပြီး ပြသာနာအားလုံးဟာ စစ်ကောင်စီကြောင့်ဖြစ်တယ်၊ စစ်ကောင်စီကို မပြုတ် ပြုတ်အောင် တိုက်ရေးမှတပါး အခြားမရှိဘူးဆိုတာ အားလုံး သဘောပေါက်ဖို့ လိုတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

အပစ်ရပ်တယ်ပြောထားတဲ့ စစ်ကောင်စီက ဘာကြောင့် ဒီလို ဗုံး ဆက်တိုက်ကြဲနေတာလဲ၊ အထွေထွေထိုးစစ်အတွက် ဘာတွေပြင်ဆင်ဖို့လိုမလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ချင်းညီနောင်အဖွဲ့ဟာ ချင်းတောင်ပေါ်မှာပဲ ထိုင်နေမယ့်အဖွဲ့မဟုတ်ဘူး- စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ မဟာမိတ်တွေနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ့်အကြောင်း...

- အထွေထွေထိုးစစ်ဆိုတာကို ကြိုတင်ကြေညာသင့်သလား... ရလာဒ်နဲ့ သက်သေပြသင့်သလား...

- ဗုံးကြဲနေတဲ့ မင်းအောင်လှိုင်ကို အပြစ်မတင်ပဲ စာသင်ကျောင်းဖွင့်တဲ့ ကျောင်းဆရာတွေကို အပြစ်တင်နေတာဟာ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဘာတွေ လွဲမှားနေလို့လဲ...

- နာကျည်းမှုကို ခွန်အားအဖြစ်မပြောင်းနိုင်ပဲ အချင်းချင်း ဝေဖန်မှုတိုးလာနေတာ ဘာကြောင့်လဲ...

 ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More