ထီးခီးစခန်းက စစ်သား ၄၀ ခန့် ထိုင်းဖက် ထွက်ပြေး... ဖားကန့်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၈ မေ ၂၀၂၅
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်းနယ်စပ်ရှိ ထီးခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် စစ်သား ၄၀ ခန့် ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ တတိယပတ်မှာ ထီးထာ ဗျူဟာစခန်းကို သိမ်းပြီးနောက် ထီးခီး စခန်းကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပြီး မေ ၂ ရက်ကနေ ၅ ရက်အတွင်း ရဲနဲ့ စစ်သား ၄၀ ကျော် ထိုင်းဘက် ထွက်ပြေးသွားတာဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ဒေသ အတွင်းရေးမှူး ပဒို စောအယ်နားက ပြောပါတယ်။
ဒါ့အပြင်...
- ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းရှိ ခမရ ၅၄၆ ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ နဲ့ မဟာမိတ် PDF ပူးပေါင်း တပ်တွေက ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေ...
- ထိုင်း-မြန်မာ နယ်စပ် အနီးရှိ ဘားအံ ခရိုင်ထဲက တခေါဘီထ စခန်းကို မေ ၇ ရက် မနက်ပိုင်းမှာ KNLA တပ်မဟာ ၇ နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်...
- သံဆိပ် စခန်းကနေ ရွှေကျင်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတဦး သေပြီး သေနတ်တလက် သိမ်းမိ...
- ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေစဉ် ဖားကန့်မြို့နယ်ဘက်ကိုလည်း စစ်ကောင်စီ တပ်အင်အား ရာချီပြီး လေကြောင်းပစ်ကူနဲ့ အတူ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေ...
- မောတောင်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲမှာ စစ်သား ၁၂ ဦး KNLA ထံ ဘက်ပြောင်း ခိုလှုံလာ...
- အောင်ဇေယျ စစ်ကြောင်းက စစ်သား ၃ ဦးဟာ သေနတ်တလက်နဲ့ အတူ PDF ဗျူဟာ ၃၁ ထံ ခိုလှုံလာ...
- PDF ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ပြီး ၄ နှစ်တာအတွင်း တပ်ရင်းတပ်ဖွဲ့ အသီးသီးဆီ အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး ထောက်ပံ့ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment