ညောင်ကျိုးစခန်းကို ပြန်တိုက်ဖို့ စစ်ကောင်စီပြင်ဆင်... PDF ၄ နှစ်ပြည့် အခမ်းနားကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၆ မေ ၂၀၂၅
အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း ပန်းတောင်းမြိုနယ်ထဲက ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက တန်ပြန် ထိုးစစ်ဆင်လာတာကို AA နဲ့ မဟာမိတ်တွေက ချေမှုန်းလိုက်တယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် ဧပြီ ၃၀ မှာ စစ်ကောင်စီဘက်က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်းတခုဟာ လေကြောင်းပစ်ကူနဲ့အတူ ညောင်ကျိုးဘက်ကို စစ်ထိုးလာပေမယ့် ညောင်ကျိုး မရောက်ခင် လမ်းခုလတ်မှာတင် AA နဲ့ မဟာမိတ်တပ်တွေက ချေမှုန်းလိုက်လို့ အကျအဆုံး များစွာနဲ့ ပြန်ဆုတ်သွားရတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေကို ကိုးကားဖော်ပြပါတယ်။
ဒါ့အပြင်...
- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို မေ ၅ ရက် မနက် ၁၁ နာရီခွဲမှာ စစ်လေယာဉ်က ဗုံး ၂ လုံး ကြဲသွား...
- စလင်းမြို့ကနေ ကုက္ကိုတန်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၂၇ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ...
- ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် လမ်းပိုင်းရှိ တရုတ် ဝမ်ပေါင် ကုမ္ပဏီအနီး လုံခြုံရေး ကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၆ ဦး သေဆုံး...
- ညောင်လေးပင်မြိုနယ် ပုဇွန်မြောင်း ကျေးရွာက ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက လိုက်လံတိုက်ခိုက်ရာမှာ စစ်သားတဦး သေဆုံး...
- KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) အမှတ် ၅ တပ်မဟာ မူတြော်ခရိုင်အတွင်း ဧပြီ တလတည်းမှာ တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် အပါအဝင် ၃၉ ဦးသေဆုံး၊ ၅၅ ဦး ဒဏ်ရာရ...
- မေလ ၅ ရက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းဌာနချုပ် အသီးသီးမှာ အခမ်းအနား ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment